K pop

■ Tzuyu နဲ့ Dahyun Aegyo ချင်း ပြိုင်တဲ့အခါ TWICE အဖွဲ့ဝင်တွေရဲ့ တုံ့ပြန်ပုံက…

—TWICE အဖွဲ့ရဲ့ Aegyo Queen ရွေးချယ်ပွဲမှာ Tzuyu နဲ့ Dahyun တို့နှစ်ယောက်…

TIME TO TWICE ရဲ့ YES or NO အပိုင်း (၃) မှာ TWICE အဖွဲ့ဝင်တွေဟာ (၁) မိနစ်ခန့် Aegyo ပြုလုပ်ပေးဖို့ တောင်းဆိုခံခဲ့ရပါတယ်။

အဲဒီမှာ TWICE အဖွဲ့ဝင်တွေက အပြိုင်အဆိုင်ကြိုးပမ်းခဲ့ကြပြီး Dahyun က အားလုံးကို ဖမ်းစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ Dahyun က (၁) မိနစ်အတွင်း အဖွဲ့ဝင်တွေဆီက အာရုံစိုက်မှုကို ရဖို့ အစွမ်းကုန်ကြိုးပမ်းခဲ့တာပါ။

Dahyun က ထိုင်ခုံမှာ ထိုင်ပြီးတဲ့အခါ အရှိန်မသေသေးဘဲ မျက်နှာအမူအရာမျိုးစုံကို လုပ်ပြနေခဲ့တာပါ။ Dahyun ပြီးနောက် Tzuyu က စိန်ခေါ်ကာ ပြုလုပ်ခဲ့ပါတယ်။

Tzuyu ရဲ့ Aegyo ကိုတော့ TWICE အဖွဲ့ဝင်တွေက သဘောကျခဲ့ပြီး တုံ့ပြန်မှုကောင်းတွေ ပြခဲ့ပါတယ်။ အဲဒီမှာ Dahyun က မချင့်မရဲဖြစ်ကာ “သူကိုကျတော့ ဘာလို့တုံ့ပြန်ပုံ ကွာခြားရတာလဲ”လို့ ဆိုခဲ့ပါတယ်။

Tzuyu ရဲ့ Aegyo ကို TWICE အဖွဲ့ဝင်တွေအားလုံးက ချစ်စရာကောင်းတယ်လို့ ဆိုခဲ့ကြပြီး လက်ခုပ်လက်ဝါးတီးကာ အားပေးခဲ့ကြပါတယ်။

-Ref: Koreaboo

You cannot copy content of this page