K pop

■ တောက်ပတဲ့ Visual အပြည့်နဲ့ ကပြား K-pop Idol များ

—- ကပြား K-pop Idol တွေလို့ပြောရင် ပရိသတ်တွေအနေနဲ့ အရင်ဆုံး ဘယ်သူတွေကို ပြေးမြင် သလဲ…

အခုဖော်ပြပေးမယ့် K-pop Idol တွေဟာ ကိုရီးယားသွေးတစ်ဝက် နိုင်ငံခြားသွေးတစ်ဝက်နှောတဲ့ K-pop Idol တွေဖြစ်ပါတယ်။

TOMORROW X TOGETHER’s Huening Kai

TXT အဖွဲ့ရဲ့ Maknae လေး Huening Kai ဟာ Big Hit Entertainment ရဲ့ ပထမဆုံး နိုင်ငံခြားသား Artist တစ်ဦးလို့တောင် ဆိုလို့ရမှာပါ။ သူ့ရဲ့ အဖေဟာ ဂျာမန်မျိုးနွယ်က ဆင်းသက်လာတဲ့ အမေရိ ကန်လူမျိုးဖြစ်ပြီး မိခင်ဖြစ်သူကတော့ ကိုရီးယားဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ Visual ဟာ အနောက် တိုင်းနည်းနည်းဆန်ပြီး ပရိသတ်တွေက နှစ်သက်ကြတာဖြစ်ပါတယ်။

Jeon Somi

တစ်ကိုယ်တော်အဆိုတော် Jeon Somi ဟာလည်း ဒက်ချ်-ကနေဒါ-ကိုရီးယားနွယ်ဖွားတစ်ဦးဖြစ်ပါ တယ်။ ကိုရီးယားအလှစံနှုန်းနဲ့မတူဘဲ ကွဲထွက်နေတဲ့ Jeon Somi ရဲ့Visual အောက်မှာ ပုရိဿတွေ တဖြုတ်ဖြုတ်ကြွေခဲ့ကြတာပါ။

aespa’s Giselle

SM ရဲ့ Rookie Monster အဖွဲ့သစ် aespa ရဲ့ အဖွဲ့ဝင် Giselle ဟာလည်း ဂျပန်ဖခင်နဲ့ ကိုရီးယား မိခင်တို့က ပေါက်ဖွားလာသူဖြစ်ပါတယ်။ သူမရဲ့ အလှကိုလည်း ဘယ်သူမှငြင်းလို့မရပါဘူး။

SEVENTEEN’s Vernon

Vernon ကို နယူးယော့ခ်မှာ မွေးဖွားခဲ့ပေမယ့် အသက် 5 နှစ်အရွယ်မှာ ကိုရီးယားပြောင်းရွှေ့ခဲ့ပါ တယ်။ ဖခင်က ကိုရီးယားလူမျိုးဖြစ်ပြီး မိခင်ကတော့ ဂျာမန်-အမေရိကန်ဖြစ်ပါတယ်။

MOMOLAND’s Nancy

MOMOLAND ပရိသတ်တွေရဲ့အသည်းကျော် Nancy ရဲ့ အလှကိုကြည့်ရင် ကပြားတစ်ဦးဆိုတာ ငြင်း လို့မရပါဘူး။ အမေရိကန်-အိုင်ယာလန် နွယ်ဖွား ဖခင်နဲ့ ကိုရီးယားမိခင်တို့ကနေ ဆင်းသက်လာသူဖြစ် ပါတယ်။

THE BOYZ’ Ju Haknyeon

THE BOYZ အဖွဲ့ဝင် Ju Haknyeon ရဲ့အဖေဟာ ဟောင်ကောင်ကဖြစ်ပါတယ်။ အမေကတော့ ကိုရီးယားဖြစ်ပြီး ချောမောလှတဲ့မျက်နှာကြောင့် ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးမှုကိုရနေ သူဖြစ်ပါတယ်။

-m2t
Ref: Allkpop

 

You cannot copy content of this page