K pop

■ Rośe အကြိုက်ဆုံး Stage Outfit

– – – How You Like that က Hanbook လား၊ Coachella က Outfit လား ဒါမှမဟုတ် ….

BLACKPINK အဖွဲ့ဝင် Rośe က သူ ဝတ်ဆင်ခဲ့သမျှ Stage Outfit တွေထဲက အကြိုက်ဆုံး Outfit ကို ပြောပြခဲ့ပါတယ်။

သူ အကြိုက်ဆုံး Outfit က How You Like That က နာမည်ကျော် Hanbook Outfit လား။

ဒါမှမဟုတ် Coachella Stage က ပရိသတ်တွေ အရမ်းမိုက်ပါတယ်ဆိုတဲ့ အလန်းစား Outfit လား။

Rośe ကတော့ အဲဒီ Outfit တွေထက် ပိုကြိုက်တဲ့ Outfit ရှိပါသတဲ့။ အဲဒီ Outfit ကတော့ On The Ground က Outfit ဖြစ်ပါသတဲ့။

Rośe ဟာ On The Ground သီချင်း ထုတ်ပြီးတော့ The Tonight Show မှာ အဲဒီဝတ်စုံနဲ့ ဖျော်ဖြေဖူးခဲ့ပါတယ်။

ELLE KOREA နဲ့ အင်တာဗျူးမှာ အဲဒီဝတ်စုံဟာ သူ အကြိုက်ဆုံး ဖြစ်တယ်လို့ Rośe က ဆိုခဲ့တာပါ။

Ref: Koreaboo

You cannot copy content of this page