K pop

■ K အနုပညာတွေ အားကျလိုချင်နေတဲ့ Jennie ရဲ့ စွမ်းရည်တစ်ခု

– – – K-Pop Idol တွေဟာ Jennie ရဲ့ ဒီအရည်အချင်းကို အားကျမဆုံးဖြစ်နေပြီး Jennie လိုမျိုး …

K အနုပညာလောကနဲ့ K-Pop Idol တွေကို အင်္ဂလိပ်သာဘာစကား သင်ပေးတဲ့ နာမည်ကျော် JIGOOUH ရဲ့ CEO Heo Woo Seong ဟာ AYO မှာ ပါဝင်ခဲ့ပါတယ်။

အဲဒီမှာ သူက ထိပ်တန်း K-Pop Idol တွေနဲ့ ထိပ်တန်းအနုပညာတွေကို English ဘာသာစကား သင်ပေးရတဲ့ အကြောင်းကို ဆွေးနွေးရင်း BLACKPINK အဖွဲ့ဝင် Jennie ကို Mention လုပ်ခဲ့တာပါ။

Heo Woo Seong က “ကျွန်မတို့ဆီမှာ အင်္ဂလိပ်ဘာသာ စကားလေ့လာနေတဲ့ K-Pop Idol တွေနဲ့ အနုပညာရှင် တော်တော်များများက Jennie ရဲ့ အင်္ဂလိပ်စကားပြောပုံကို အားကျနေကြပြီး သူ့လို ပြောတတ်ချင်တယ်လို့ ဆိုကြပါတယ်”လို့ ပြောဆိုခဲ့တာပါ။

ဒါ့အပြင် Heo Woo Seong က Jennie နဲ့ Rośe တို့ရဲ့ အင်္ဂလိပ်စကား ကျွမ်းကျင်မှုကို ချီးကျူးခဲ့သေးတာပါ။

Jennie က နယူးဇီလန်မှာ ၅ နှစ် ကျောင်းတက်ခဲ့သူဖြစ်ပြီး Rośe ကတော့ ဩစတြေးလျ ကြီးပြင်းခဲ့တာကြောင့် သူတို့အတွက်တော့ English က ထမင်းစား ရေသောက်လောက်ကို လွယ်ကူပြီး Cofident ရှိရှိနဲ့ ပြောနိုင်တာပါ။

Ref: Koreaboo

You cannot copy content of this page