K pop

■ YG ပရိသတ်တွေအတွက် the SameE

– – – YG အနုပညာရှင်တွေကို တွေ့နိုင်မယ်။ ကော်ဖီသောက်ရင်းနဲ့ …

YG Entertainment ဟာ သူတို့ရဲ့ အဆောက်အအုံသစ် ရှေ့မှာ the SameE လို့ အမည်ပေးထားတဲ့ Space တစ်ခုကို YG အမာခံပရိသတ်တွေအတွက်  ဖွင့်လှစ်ခဲ့ပါတယ်။

the SameE ရဲ့ Theme က “Fans are the artist’s alter ego” ဖြစ်ပြီး YG ကတော့ အနုပညာရှင်တွေနဲ့ ပရိသတ်တွေအကြား ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေးရအောင် လုပ်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

■ the SameE မှာ ဘာတွေ ပါလဲ

the SameE မှာ ပရိသတ်တွေအတွက် YG Artist တွေရဲ့ အမှတ်တရပစ္စည်းတွေ၊ Lightstick တို့ Album တို့လို ထုတ်ကုန်တွေ အမှတ်တရ အင်္ကျီတွေ ရောင်းချတဲ့ fan merchandise store ပါဝင်မှာပါ။

ပြီးတော့ အထိမ်းအမှတ်ပွဲတွေ၊ ပြပွဲတွေ ပြုလုပ်ဖို့ နေရာလွတ်တွေလည်း အများကြီး ရှိပါတယ်။

ပရိသတ်တွေအနေနဲ့ အကြိုက်တွေ့နိုင်တာက Café ပါ။ အဲဒီ Café မှာ ကော်ဖီနဲ့ သုံးဆောင်စရာတွေ ရှိမှာဖြစ်ပြီး ကံကောင်းရင် YG Artist တွေ တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။

YG ဟာ ဒီနှစ်မှာ တည်ထောင်မှု ၂၅ နှစ်ပြည့်မြောက်ခဲ့ပြီး လက်ရှိမှာ နာမည်ကျော် K-Pop အဖွဲ့တွေဖြစ်တဲြ BIGBANG, BLACKPINK, WINNER, iKON, AKMU, SECHSKIES နဲ့ TREASURE တို့ရဲ့ အိမ်ဖြစ်သလို နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Kim Hee Ae, Cha Seung Won, Choi Ji Woo, Kang Dong Won တို့အပြင် အနုပညာရှင်များစွာကို စီမံဆောင်ရွက်ပေးနေတဲ့ Agency ဖြစ်ပါတယ်။

Ref: Soompi

You cannot copy content of this page