— – – ညီမလေး Rosé ကို ချစ်တဲ့အချစ်ကို Jennie က Rosé ရဲ့နာမည်ပြောင်လေးတစ်ခုကို ခေါ်ပြီး ပြသကာ အဲဒီနာမည်ပြောင်ကို Rosé ကိုယ်တိုင်သုံးတာတောင် မကြိုက်ဘဲ Rosé အတွက် သူတစ်ယောက်တည်းသာ…
Rosé ကို ချစ်တဲ့အကြောင်းကို Jennie ပြသတဲ့အရာကလေးက အရမ်းရိုးရှင်းပါတယ်။ Jennie နဲ့ Rosé တို့ဟာ YG Entertainment မှာ အတူတူလက်တွဲလာခဲ့တဲ့ ဆယ်စုနှစ်တစ်ခုနီးပါး ရှိပါပြီ။
Jennie က သူမနဲ့ Rosé က အချစ်ကို Rosé ရဲ့ နာမည်ပြောင်လေးဖြစ်တဲ့ “Rosie” လို့ ခေါ်ပြီး ပြသတာဖြစ်ပါတယ်။ အဲဒီ Rosé ရဲ့ နာမည်ပြောင်လေးကို Rosé ကိုယ်တိုင်ခေါ်တာတောင် Jennie က မကြိုက်ဘဲ Rosé အတွက် သူတစ်ယောက်တည်းသာ ခေါ်ချင်တာဖြစ်ပါတယ်။
အရင်တုန်းက BLACKPINK အဖွဲ့ရဲ့ Live တစ်ခုမှာ အဖွဲ့ဝင်တွေ မိတ်ဆက်တုန်းက Rosé က သူကိုယ့်သူ Rosie ဆိုပြီး မိတ်ဆက်ခဲ့ရာမှာ Jennie က “မဟုတ်ဘူးလေ။ နင်က Rosé လေ”လို့ ပြောခဲ့လို့ Rosé က သူကိုယ့်သူ “ကျွန်မက Rosé”ဆိုပြီး ပြန်ပြီး မိတ်ဆက်ခဲ့ရပါတယ်။
ဘာလို့လဲဆိုတော့ Rosie အမည်ပြောင်လေးကို Jennie က Rosé အတွက် သူမတစ်ယောက်တည်း သုံးခွင့်ရချင်လို့ပဲ ဖြစ်ပါတယ်။ BLACKPINK အဖွဲ့မှာ Lisa နဲ့ Jisoo တို့က Rosé ကို သူမရဲ့ ကိုရီးယားအမည်ဖြစ်တဲ့ Chaeyoung လို့ပဲ ခေါ်လေ့ရှိပြီး Jennie ကတော့ Rosé ကို Rosie လို့ ခေါ်လေ့ရှိပါတယ်။
သြဇီကနေ ဂီတတစ်လက်ကို ထမ်းပြီး YG ကို ရောက်လာတဲ့ Rosé ကို Jennie ဟာ တခြားအဖွဲ့ဝင်တွေလိုပဲ ချစ်မြတ်နိုးပြီး သူ့ညီမလေးကို Rosie ကို ခေါ်ကာ သူမရဲ့ အချစ်တွေကို ပြသလေ့ရှိပြီး Rosé ကလည်း ကျေကျေနပ်နပ်နဲ့ လက်ခံလေ့ရှိပါတယ်။
— ဃဲ
Ref: Koreaboo