— – – EXO အဖွဲ့က Chanyeol ကို ထုတ်ပယ်ဖို့ သူတို့ဟာ နည်းလမ်းပေါင်းစုံနဲ့ …
လက်ရှိမှာ စစ်မှုထမ်းနေပေမဲ့ Chanyeol ကို EXO အဖွဲ့က ထုတ်ပယ်ဖို့ ကိုရီးယား EXO-L တွေရဲ့ တောင်းဆိုမှုတွေဟာ မြင့်တက်နေပြီး အခု နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေကြတာကို မြင်တွေ့ရပါတယ်။
Don’t Fight the Feeling မှာ Chanyeol ပါဝင်တဲ့ Teaser ပုံရိပ်တွေ ထွက်ပေါ်လာပြီးနောက်မှာ ကိုရီးယား EXO-L တွေဟာ SM Entertainment ရှေ့မှာ မိုးပျံပူးပေါင်းနဲ့ “Chanyeol OUT” “Chanyeol အခန်းတွေကို Edit out လုပ်ပေးပါ SM” လို့ စာတွေ ရေးသားထားပါ။
ဆက်ပြီးတော့ ကိုရီးယား EXO-L တွေဟာ ‘EXO Arcade’ မှာ Chanyeol ပါဝင်လာပြီးနောက်မှာ 89.1MHz KBS COOL FM မှာ ကြော်ငြာထည့်သွင်းပြီး Chanyeol ကို EXO အဖွဲ့က ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ကြတာပါ။
KBS COOL FM ရဲ့ ‘Yoon Jung Soo & Nam Chan Hee’s Mr. Radio” အစီအစဉ် တင်ဆက်နေတုန်း ထုတ်လွှင့်ခဲ့တဲ့ ကြော်ငြာမှာ EXO-L တွေက “EXO Arcade က Chanyeol ရဲ့ အခန်းတွေကို ဖျက်ပေးဖို့ ကျွန်မတို့ တောင်းဆိုပြီးသားပါ။ SM ဒီကိစ္စကို တိတ်တိတ်မနေပါနဲ့။ အခု ပရိသတ်တွေရဲ့ အသံကို နားထောင်ရမယ့် အချိန်ရောက်ပါပြီ။ EXO-L တွေအနေနဲ့ EXO အဖွဲ့မှာ Chanyeol ကို မမြင်ချင်ပါဘူး”လို့ ပြောဆိုခဲ့တာပါ။
Chanyeol ဟာ ၂၀၂၀ အောက်တိုဘာလတုန်းက သူ့ကိုယ်သူ Chanyeol ရဲ့ ရည်စားဟောင်းလို့ ပြောတဲ့ မိန်းကလေးတစ်ဦးရဲ့ စွပ်စွဲမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး SM ကတော့ ကောလာဟလဖြန့်သူတွေကို တရားရင်ဆိုင်မယ်လို့ ထုတ်ပြန်ထားပေမဲ့ EXO-L တချို့ကတော့ အဲဒီပြဿနာတွေကြောင့် အခုလို ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
Ref: AKP