K pop

■ YG Entertainment နဲ့ လက်တွဲပြီးနောက် Na-eun ရခဲ့တဲ့ ပထမဆုံး Endorsement

— – – Son Na-eun ဟာ YG နဲ့လက်တွဲပြီးနောက် ပထမဆုံးအဖြစ် …

ဇွန်လ (၁)ရက်မှာတော့ global skincare brand ဖြစ်တဲ့ Neutrogena ဟာ Na-eun ကို သူတို့ရဲ့ Brand Model အဖြစ် ခန့်အပ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

Neutrogena ကိုယ်စားလှယ်က “Na-eun ဟာ ပေါင်းသင်းဆက်ဆံရေး အလွန်အဆင်ပြေသူဖြစ်သလို၊ လေးစားစရာလည်း ကောင်းတဲ့သူပါ။ ပြီးတော့ သူ့ရဲ့အသားအရေနဲ့ အလှအပကလည်း ကျွန်တော်တို့ Brand နဲ့ အကိုက်ဖြစ်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

Na-eun ဟာ Apink ကို မွေးထုတ်ပေးခဲ့တဲ့ အေဂျင်စီနဲ့လမ်းခွဲပြီးနောက်မှာ YG Entertainment ကို မင်းသမီးအဖြစ် ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။

YG ကတော့ သူတို့အနေနဲ့ Na-eun ကို အကောင်းဆုံးထောက်ပံ့ပေးမှာဖြစ်ပြီး Apink အဖွဲ့နဲ့ ဆက်လက်လုပ်ဆောင်မယ့် အလုပ်တွေကိုလည်း ခွင့်ပြုသွားမယ်လို့ ထုတ်ပြန်ထားတာပါ။

Ref: AKP

You cannot copy content of this page