K pop

■ ပရိသတ်တွေ ထိရှခဲ့ရတဲ့ Kwanghee အတွက် G-Dragon ရဲ့ မက်ဆေ့ချ်

— – – G-Dragon နဲ့ Kwanghee တို့ရဲ့ စကားဝိုင်းဟောင်းက GD ရဲ့ မက်ဆေ့ချ်တွေက ပရိသတ်တွေရဲ့ နှလုံးသားကို အရည်ပျော်ခဲ့တာပါ …

BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ဟာ Kwanghee နဲ့ ၂၀၁၆ တုန်းက နာမည်ကျော် Show တစ်ခုဖြစ်တဲ့ Infinite Challenge မှာ ပါဝင်ခဲ့တာကို ပရိသတ်တွေ မှတ်မီဦးမယ် ထင်ပါတယ်။

အဲဒီတုန်းက G-Dragon နဲ့ Kwanghee တို့ရဲ့ ဖုန်းမက်ဆေ့ချ်တွေက အခုအွန်လိုင်းတွေမှာ ပြန်လည်ခေတ်စားနေပြီး Kwanghee အတွက် G-Dragon ရဲ့ မက်ဆေ့ချ်တွေက ပရိသတ်တွေရဲ့ နှလုံးသားကို နွေးထွေးစေခဲ့တာပါ။

G-Dragon က “ဟိုင်း Kwanghee မင်း နေကောင်းတယ်မဟုတ်လား။ ငါ Show မှာ မင်းကို ကြည့်ရတယ်။ အဲဒီ Show နဲ့ပတ်သက်ပြီး မင်း အများကြီးတွေးနေမယ်လို့ ငါ ထင်တယ်။ Show မှာ မင်း ကောင်းကောင်းလုပ်နိုင်တာပဲ။ အဲဒီအတွက် စိတ်မပူပါနဲ့”လို့ Kwanghee ကို မက်ဆေ့ချ် ပို့ခဲ့တာပါ။

အဲဒီလို ပို့ရတာကလည်း Kwanghee ဟာ ၂၀၁၅ မှာ Infinite Challenge ကို Main Cast အဖြစ် Join တော့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အဲဒီအကြောင်းကို Kwanghee က G-Dragon ကို ပြောပြခဲ့တာကြောင့် G-Dragon က ပြန်လည်နှစ်သိမ့်တဲ့ သဘောဖြစ်ပါတယ်။

ဆက်ပြီးတော့ G-Dragon က “မင်းက ရယ်စရာကောင်းတယ်လေ။ ဟုတ်တယ်မဟုတ်လား။ မင်းကိုယ်မင်း ယုံကြည်စမ်းပါ။ အလကားနေရင်း ဖိအားတွေ ခံစားမနေပါနဲ့။ မင်းကို ငါ အမြဲတမ်း အားပေးနေတယ်”လို့ မက်ဆေ့ချ် ပို့ခဲ့သေးတာပါ။ G-Dragon ဟာ အဲဒီမက်ဆေ့ချ်ကို ဖုန်းနံပါတ်အသစ်နဲ့ ပို့ခဲ့တာကြောင့် Kwanghee တစ်ယောက် ဘယ်သူ ပို့မှန်း မသိခဲ့ဘူး။

ဒါကြောင့် Kwanghee က “ဘယ်သူများလဲ”ဆိုပြီး ပြန်မေးခဲ့ရာမှာတော့ G-Dragon က “ငါပါဟာ Jiyong (G-Dragon ရဲ့ နာမည်ရင်း)ပါ”လို့ ပြန်ပြောခဲ့ပါတယ်။ အဲဒီမှာ အားပေးမှုအတွက် G-Dragon ကို ကျေးဇူးတင်ကြောင်း Kwanghee က ပြန်မက်ဆေ့ချ်ပို့ခဲ့ပါတယ်။

ပရိသတ်တွေက အဲဒီမက်ဆေ့ချ်တွေကို ကြည့်ပြီး Kwanghee အပေါ် ဂရုစိုက်ခဲ့တဲ့ G-Dragon ရဲ့ ကြင်နာမှုနဲ့ အားပေးမှုတွေကို ချီးကျူးခဲ့ကြတာ ဖြစ်ပါတယ်။

Ref: KPZ

You cannot copy content of this page