K pop

■ သူ့ကို အစဉ်အမြဲထောက်ခံအားပေးတဲ့သူတွေကြောင့် သူ ပြန်လည်ရုန်းထလာနိုင်ခဲ့တာလို့ B.I ဖွင့်ဟ

—- iKON အဖွဲ့ဝင်ခေါင်းဆောင်ဟောင်း B.I က သူ့ကို အစဉ်အမြဲထောက်ခံအားပေးတဲ့သူတွေ ကြောင့် သူပြန်လည်ရုန်းထလာနိုင်ခဲ့တာလို့ ဖွင့်ဟခဲ့ပါတယ်။

ဇွန်လ 1 ရက်မှာ B.I ဟာ သူ့ရဲ့ Instagram မှာ Update လုပ်ခဲ့ပြီး ဖုန်းထဲမှာရေးထားတဲ့ Note တစ်ခု ကို Screen Shot ရိုက်ကာ တင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ Note ဟာ ဇွန်လ 1 ရက်နေ့က ထုတ်လွှင့် ခဲ့တဲ့ Solo Album ‘WATERFALL’ ထဲက Tarck 11 နဲ့ Track 12 အပေါ် သူ့ရဲ့ အတွေးတွေကို ဖော် ပြထားတာလည်းဖြစ်ပါတယ်။

‘WATERFALL’ ဟာ B.I ရဲ့ လွန်ခဲ့တဲ့ 2 နှစ်ခန့်က YG နဲ့ iKON ကနေ ထွက်ခွာပြီး ပထမဆုံးအကြိမ် ပြုလုပ်တဲ့ အနုပညာလှုပ်ရှားမှုလည်းဖြစ်ပါတယ်။

B.I က “ အမှန်တကယ်ပြောရင် ကျွန်တော်ဟာ ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကို အချစ်တွေ၊ အားပေးမှုတွေနဲ့ ထောက်ခံပေးခဲ့ကြတဲ့ သူတွေအများကြီးရှိခဲ့ပါတယ်။

အဝေးကနေ သူတို့တွေဟာ ကျွန်တော့်ကို လှမ်းစိုးရိမ်ပေးခဲ့ကြသလို ဝေဖန်မှုတွေကိုလည်း ကာကွယ် ပေးခဲ့တာပါ။ သူတို့တွေကို မသေချာတဲ့ အချစ်တွေပြန်ပေးမယ့်အစား သူတို့အတွက် ထာဝရဘက် တော်သားတစ်ယောက်ဖြစ်ချင်ပါတယ်။ ကျွန်တော် သူတို့အပေါ် ကျေးဇူးတင်ချင်တာကို ဒီလိုနည်းနဲ့ ဖော်ပြဖို့ စဉ်းစားမိပါတယ်” လို့ Track 11 Then’ နဲ့ပတ်သက်ပြီးပြောခဲ့ပါတယ်။

Track 12 “ Rebirth” နဲ့ပတ်သက်ပြီးတော့လည်း B.I က “ အခုချိန် ခင်ဗျားတို့ကို လွမ်းပါတယ်။ ကျွန်တော် ပြောချင်တာ ဒီစကားတစ်ခွန်းပဲဖြစ်ပါတယ်” လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page