K pop

■ BTS ကို တိရစ္ဆာန်တွေ ရက်စက်ခြင်းအပေါ် အားပေးနေတယ်လို့ PETA စွပ်စွဲ

— – – McDonald နဲ့လက်တွဲခဲ့တဲ့ BTS အဖွဲ့က PETA က စွပ်စွဲချက်ကြီးနဲ့ …

PETA(တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများအဖွဲ့)က BTS အဖွဲ့အနေနဲ့ McDonald ကို Pormotion လုပ်နေခြင်းဟာ တိရစ္ဆာန်တွေကို ရက်စက်ခြင်းအပေါ် အားပေးနေတာဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

BTS x McDonald’s collaboration အဖြစ် မေလ (၂၆)ရက်က စတင်ကာ အစားအသောက်တွေ ထုတ်လုပ်ရောင်းချခဲ့ပြီး BTS အဖွဲ့က Pormotion တွေ ပြုလုပ်ပေးခဲ့တာပါ။

အခုတော့ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများအဖွဲ့က အဲဒီလုပ်ရပ်တွေဟာ တိရစ္ဆာန်တွေအပေါ် ရက်စက်မှုကို အားပေးခြင်းဖြစ်ပြီး BTS အဖွဲ့အနေနဲ့ McNuggets အတွက် ကြက်သေ သေနေတဲ့အပေါ် လုံးဝဂရုစိုက်ဘူးဆိုပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပြီးတော့ PETA Asia က သူတို့ Twitter မှာ “This fan was let down. BTS, stop promoting dead chickens!” လို့ ရေးသားထားတဲ့ ဆောင်ပုဒ်ကို ကိုင်ထားတဲ့ လူတစ်ယောက်ရဲ့ပုံကိုလည်း တင်ခဲ့ပါသေးတယ်။

ARMY တွေကတော့ ဒီကိစ္စဟာ PETA Asia အနေနဲ့ တကယ်ဂရုစိုက်ရမယ့်နေရာတွေမှာ သေချာလုပ်ခြင်းမရှိဘဲ BTS အဖွဲ့အပေါ် ဇာချဲ့နေခြင်းသာ ဖြစ်ယတ်လို့ ဆိုခဲ့ကြပါတယ်။

Ref: Koreaboo

You cannot copy content of this page