— – – RM နဲ့ Jimin တို့ဟာ G-Dragon ရဲ့ အိမ်နားချင်းဖြစ်လာခဲ့ပြီး အဲဒီအဆောက်အအုံက ဘယ်လောက်လန်းတယ်ဆိုတာ …
BTS အဖွဲ့ဝင်တွေဖြစ်တဲ့ RM နဲ့ Jimin တို့ဟာ ဆိုးလ်မြို့ရဲ့ ဈေးအကြီးဆုံး Complex ဖြစ်တဲ့ Nine One Hannam မှာ ကန်ဒေါ်လာ (၅)သန်းကျော်တန် တိုက်ခန်းတွေ ဝယ်ယူခဲ့ကြတာကို ပရိသတ်တွေ သိပြီးဖြစ်မှာပါ။
Nine One Hannam ဟာ လက်ရှိ တောင်ကိုရီးယားမှာ ဈေးအကြီးဆုံး Complex ဖြစ်ပြီး ထိပ်တန်းအနုပညာရှင်တွေ၊ စီးပွားရေးသမားတွေ နေထိုင်ကြတယ်လို့ သိရပါတယ်။
အခု RM နဲ့ Jimin ဝယ်ယူခဲ့တဲ့ Nine One Hannam မှာ King of K-Pop လို့ တင်စားကြတဲ့ G-Dragon, နာမည်ကျော်မင်းသား So Ji Sub နဲ့ နာမည်ကြီးမင်းသမီး Jun Ji Hyun တို့ နေထိုင်ကြပါတယ်။
အဲဒီ Nine One Hannam က အခန်းတွေရဲ့ အနေအထားကို Koreaboo က ဖော်ပြခဲ့ပြီး အထက်က ပုံတွေ၊ အောက်က ပုံတွေမှာ ပြထားသလို အလန်းစားတွေ ဖြစ်နေတာကို တွေ့ရမှာပါ။
BTS အဖွဲ့ဝင် (၂)ဦးစလုံးဟာ အဲဒီ Nine One Hannam ဟာ တိုက်ခန်းတွေ ချေးငွေမယူဘဲ လက်ငင်းငွေချေကာ ဝယ်ယူခဲ့တာလည်း ဖြစ်ပါတယ်။
Ref: Koreaboo