K pop

■ Lee Seung Gi နဲ့ Lee Da In တို့စုံတွဲကို လက်ထပ်စေချင်တယ်လို့ ဆိုခဲ့တာကြောင့် Park Myung Soo ဝေဖန်ခံနေရ

– – – Park Myung Soo ဟာ သူ့ရဲ့Radio Show မှာ Lee Seung Gi တို့စုံတွဲကို အားပေးခဲ့တာကြောင့်….

မေလ (၂၈) ရက်နေက Park Myung Soo ဟာ သူ့ရဲ့Park Myung Soo’s Radio Show မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေအပေါ် မှတ်ချက်ပြုနေခဲ့တာပါ။

အဲဒီမှာ Park Myung Soo က လတ်တလော ကိုရီးယားနယ်ပယ်မှာ ရေပန်းစားနေတဲ့ Lee Seung Gi နဲ့ Lee Da In တို့စုံတွဲနဲ့ ပတ်သက်ပြီးလည်း မှတ်ချက်စကား ပြောဆိုခဲ့ပါတယ်။

Park Myung Soo က Lee Seung Gi တို့ စုံတွဲအပေါ် အားပေးစကားပြောဆိုခဲ့တာပါ။ “သူတို့က လူထုကို ချပြချင်သည်ဖြစ်စေ၊ မချချင်သည်ဖြစ်စေ ဒါက ချပြပြီးခဲ့ပါပြီ။ ဖြစ်ပြီးသွားပြီဖြစ်တဲ့အတွက် ကောင်းတာပဲ ဖြစ်စေချင်ပါတယ်။ သူတို့ လက်ထပ်ဖို့ ကျွန်တော် ဆန္ဒရှိပါတယ်”လို့ Park Myung Soo ဖွင့်ဟခဲ့ပါတယ်။

 

Park Myung Soo အနေနဲ့ ဒီလိုအားပေးစကားပြောဆိုခဲေ့ပမဲ့ လက်ထပ်တဲ့အထိ ပြောတာကျတော့ အိုဗာဖြစ်သွားပြီ၊ မပြောသင့်တဲ့စကားလို့ ပရိသတ်တွေက ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

နဂိုကတည်းက ပရိသတ်တွေက Lee Da In ရဲ့ မိသားစုအခြေအနေကြောင့် အလိုမကျ ဖြစ်နေကြကြောင်း၊ Park Myung Soo ရဲ့စကားက စိတ်ပျက်စရာကောင်းကြောင်း၊ Park Myung Soo က အဆင့်အလွန်ကျော်သွားပြီဖြစ်ကြောင်း ပရိသတ်တွေက ဝေဖန်ခဲ့ကြတာပါ။

-Ref: Koreaboo

You cannot copy content of this page