Celebrity

■ 2020 AAA မှာ ‘Best Pop Artist’ ဆုကိုရရှိလို့ Suga ကို ကျေးဇူးတင်လိုက်တဲ့ အမေရိကန် အဆိုတော် MAX

— အမေရိကန်အဆိုတော် MAX ဟာ 2020 AAA မှာ ‘Best Pop Artist’ ဆုကိုရရှိခဲ့ပြီး ဒီဆုကိုရ အောင်အားပေးခဲ့တဲ့ ပရိသတ်တွေနဲ့ BTS အဖွဲ့ဝင် Suga ကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

MAX ဟာ ဆုရရှိတဲ့အတွက် Award Speech မှာ ကျေးဇူးတင်ကြောင်းကို ပြောခဲ့တာဖြစ်ပါတယ်။

“ ဟဲလို ကိုရီးယား…ကျွန်တော် MAX ပါ။ Asia Artist Awards ဆုပေးပွဲမှာ Best Pop Artist ဆုကိုရရှိ လို့ ဂုဏ်ယူဝမ်းသာရပါတယ်။ တကယ့်ကို အံ့အားသင့်ဖွယ်ကောင်းပြီး အရမ်းကို အားအင်တွေပြည့်နေ ပါတယ်။ အားလုံးရဲ့အချစ်တွေအတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော့်ဘရားသား BTS Suga Featuring သီဆိုပေးထားတဲ့ “Blueberry Eyes” အပါအဝင် ကျွန်တော့် သီချင်းအသစ် ‘Color Vision’ ကို ချစ်ပေးကြလို့ ကျေးဇူးတင်ပါတယ်။ Suga ဘရားသား ကျေးဇူးတင်ပါတယ်။ မင်းက ငါ့ဘ၀ ကို ပြောင်းလဲပေးလိုက်တာပါ။

သီချင်းကို နှစ်သက်အားပေးကြတဲ့ HKA ARMY တွေကို ကျေးဇူးတင်ပါတယ်။ တစ်ကမ္ဘာလုံးက ပရိသတ်တွေ ကျန်းမာရေးတွေ စိတ်ချရတဲ့နေ့ရောက်ရင် အာရှကိုလာပြီး မင်းတို့တွေနဲ့ ပျော်ရွှင်ဖို့ မစောင့်နိုင်အောင် ဖြစ်နေပါတယ်။ ဖိလစ်ပိုင်၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူတို့မှာ အံ့အားသင့်စရာ ကောင်းတဲ့ ဖျော်ဖြေမှုပျော်ရွှင်မှုအခိုက်အတန့်တွေရှိခဲ့ပါတယ်။ ဘယ်နေရာမဆို လာချင်လို့ မစောင့် နိုင်အောင်ပါပဲ။

ကျွန်တော့်ကို အားပေးကြလို့ ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေအားလုံးလည်း ကျန်းမာရေး Safe ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော့်ရဲ့ဖျော်ဖြေမှုကို ခံစားပြီး ပျော်ရွှင်မှု၊ အချစ်၊ ငြိမ်းချမ်းရေးတွေ ရမယ်လို့ မျှော်လင့်ပါတယ်”

-အမေရိကန်အဆိုတော် MAX

-m2t
Ref: Koreaboo

You cannot copy content of this page