– – -ဒီမင်းသားတွေဟာ အသက်ကြီးလာလေလ ပိုပြီး ကြည့်ကောင်းလာတာ တွေ့ရမှာဖြစ်ပြီး…
ဒီမင်းသားတွေဟာ နှစ်ချို့ဝိုင်တွေလို ပိုပြီးရင့်ကျက်လာလေလေ ဆွဲဆောင်မှုရှိကာ ကြည့်ကောင်းလာလေလေလို့ koreaboo က ညွှန်းဆိုထားပါတယ်။ သူတို့ကိုတော့ အောက်ပါအတိုင်း မြင်တွေ့ရမှာပါ။
Park Bo Gum
၂၀၁၃ ခုနှစ်အတွင်း ရိုက်ကူးခဲ့တဲ့ Wonderful Mama နဲ့ နောက်ဆုံး ဇာတ်လမ်းတွဲ Record Of Youth နှစ်ခုကို နှိုင်းယှဉ်ကြည့်ရင် Park Bo Gum ရဲ့ အချိန်ကြာလေလေ ပိုဆွဲဆောင်မှုရှိလာတဲ့ပုံစံကို တွေ့မြင်နိုင်ပါတယ်။
Cha Eunwoo (ASTRO)
Cha Eunwoo ကလည်း အခုအခါ သူ့ရဲ့ပွဲထွက်ခါစ နေ့စွဲတွေတုန်းကထက် ပိုပြီးစမတ်ကျလာကာ မိုက်လာတယ်လို့ ပရိသတ်တွေက ညွှန်းဆိုနေကြပါတယ်။
Song Joong Ki
2012 Wolf Boy ထဲက Song Joong Ki နဲ့ Vincenzo ထဲက Song Joong Ki တို့ရဲ့ ကွာခြားပုံကို ပရိသတ်တွေ ကိုယ်တိုင်တွေ့မြင်နိုင်ပါတယ်။ Vincenzo ထဲမှာတော့ Song Joong Ki ဟာ လုံးဝစမတ်ကျပြီး ဆွဲဆောင်မှု ရှိလွန်းနေတာပါ။
V (BTS)
V က BTS ပွဲထွက်ခါစ နေ့ရက်ပိုင်းတုန်းက အလွန်ချစ်စရာကောင်းသလို လက်ရှိအချိန်မှာလည်း တည်ငြိမ်ခန့်ညားကာ ပိုပြီး ဆွဲဆောင်မှု ရှိလာပါတယ်။
-Ref: Koreaboo