K pop

■ BLACKPINK အဖွဲ့ရဲ့ သီချင်းကို ခန့်မှန်းရာမှာ လွဲချော်သွားခဲ့တဲ့ JayB

– – – ဒါကို BLACKPINK ရဲ့ သီချင်းမှန်းသိပေမဲ့ JayB ဟာ…

Jay B ဟာ SEVENTEEN မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုပြုလုပ်ခဲ့ပြီး 8-bit challenge ကို ဆင်နွှဲခဲပါတယ်။

အဲဒီမှာ Jay B ဟာ သံစဉ်ဖွင့်ထားပြီး သီချင်းတွေကို ခန့်မှန်းခဲ့ရာမှာတော့ BLACKPINK ရဲ့သီချင်းတစ်ပုဒ်ကို ခန့်မှန်းရာမှာ လွဲချော်ခဲ့ပါတယ်။ ဖွင့်ထားတဲ့ သီချင်း BLACKPINK ရဲ့ “How You Like That” ပါ။

Jay B အနေနဲ့ သံစဉ်ကို ကြားလိုက်ရတဲ့အခါ BLACKPINK ရဲ့ သီချင်းမှန်းသိပေမဲ့ ဘယ်သီချင်းလဲဆိုတာ မေ့နေခဲ့ပါတယ်။ နောက်ဆုံး Jay B ဟာ Kill This Love လို့ ခန့်မှန်းခဲ့ပါတယ်။

အဲဒီနောက် Jay B က သူ့အနေနဲ့ BLACKPINK အဖွဲ့ကို ကြိုက်နှစ်သက်ကြောင်း၊ BLACKPINK အဖွဲ့ဝင်တွေဟာ အမျိုးသမီးစစ်သည်တော်တွေနဲ့တူကြောင်း ပြောဆိုခဲ့ပါတယ်။

“BLACKPINK က အရမ်းမိုက်တယ်။ သူတို့က အမျိုးသမီးစစ်သည်တော်တွေလိုပဲ”လို့ Jay B က ဖွင့်ဟခဲ့တာပါ။ အဲဒီနောက် Jay B က သီချင်းကို မှန်အောင် မခန့်မှန်းနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါကြောင်းလည်း ဆိုခဲ့ပါသေးတယ်။

-Ref: Koreaboo

You cannot copy content of this page