K pop

■ MelOn မှာ ဘယ်အမျိုးသမီးအဖွဲ့မှမရသေးတဲ့ စံချိန်တစ်ခုရခဲ့တဲ့ Brave Girl

—- Wonder Girl ၊ Girls’ Generation ၊ TWICE ၊ BLACKPINK စတဲ့ ကမ္ဘာကျော် Group တွေ တောင်မရဖူးတဲ့ စံချိန်ကို Brave Girl က…

K-pop လောကမှာ ရှားတောင့်ရှားခဲ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး 10 နှစ်ကြာမှ အတိုင်းထက်အလွန်ထပေါက်ခဲ့ တဲ့ Brave Girl အဖွဲ့ဟာ MelOn Chart မှာ ပထမဆုံး အမျိုးသမီး Group ဆိုတဲ့စံချိန်တစ်ခုကို စိုက် ထူနိုင်ခဲ့ပါတယ်။

Brave Girl အဖွဲ့ဟာ MelOn Monthly Chart မှာ (3)လဆက်တိုက် #1 မှာရပ်တည်ခဲ့တဲ့ ပထမဆုံး အမျိုးသမီးအဖွဲ့အဖြစ် စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ Brav Girl အဖွဲ့ရဲ့ Hit သီချင်းဖြစ်တဲ့ Rollin သီ ချင်းဟာ MelOn Monthly Chart ရဲ့ မတ်လ၊ ဧပြီလ၊ မေလတို့မှာ 3 လဆက်တိုက် #1 မှာရပ်တည်ခဲ့ ပြီး ဒီစံချိန်ကို ရခဲ့တာဖြစ်ပါတယ်။

Brave Girl ရဲ့ ဒီစံချိန်ဟာ K-pop လောက ဘယ်အမျိုးသမီး Group မှမရဖူးသေးတဲ့ စံချိန်တစ်ခုဖြစ် သူတို့အတွက် ဂုဏ်ယူစရာကောင်းခဲ့တာပါ။ Wonder Girl ၊ Girls’ Genertion အဖွဲ့စတဲ့ ဂန္ထဝင်အဖွဲ့ တွေတောင် MelOn Monthly Chart မှာ 2 ဆက်တိုက်သာ #1 ရခဲ့ဖူးတာဖြစ်ပါတယ်။

ဒါပေမဲ့ K-pop Group တွေအားလုံးအနက်မှာတော့ Brave Girl အဖွဲ့ဟာ MelOn Monthly Chart မှာ 3လဆက်တိုက် #1 ရဖူးတဲ့ ဒုတိယမြောက် အဖွဲ့ဖြစ်ပြီး ပထမအဖွဲ့ကတော့ အသစ်သစ်သောစံချိန်သ မိုင်းတွေအတွက် အသင့်ဖြစ်နေတဲ့ BTS အဖွဲ့ဖြစ်တာပါ။ BTS အဖွဲ့ဟာ Dynamit နဲ့ စံချိန်တင်ထား တာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page