K pop

■ Anti-Fan တွေနဲ့ပတ်သက်ပြီး Taemin ဘယ်လိုတွေးသလဲ

—- Anti-Fan တွေ (သို့) Hater တွေနဲ့ပတ်သက်ပြီး Taemin တွေးတဲ့အတွေးကို K Netizen တွေက ချီးကျူးခဲ့ကြ…

မကြာသေးခင်က စစ်မှုတာဝန်ထမ်းဆောင်သွားပြီဖြစ်တဲ့ SHINee အဖွဲ့ရဲ့ Maknae လေး Taemin ရဲ့ Anti-Fan တွေနဲ့ပတ်သက်ပြီး တွေးတဲ့အတွေးအမြင်အပေါ် K Netizen တွေက ချီးကျူးနေကြပါတယ်။

Taemin ဟာ Anti-Fan တွေနဲ့ပတ်သက်ပြီး သူ့ရဲ့အတွေးကို Live Stream တစ်ခုမှာပြောခဲ့တာဖြစ်ပြီး ပရိသတ်တစ်ဦးရဲ့ ပြောစကား Screenshot တွေနဲ့အတူ ပို့စ်တင်ပြီး ဖော်ထုတ်ရာကနေ K Netizen တွေ သိခဲ့ကြတာဖြစ်ပါတယ်။

Taemin ဟာ Anti-Fan တွေနဲ့ပတ်သက်ပြီး သူ့ရဲ့ ရိုးရှင်းတဲ့အတွေးကို အခုလိုပြောခဲ့တာဖြစ်ပါတယ်။

“ ကျွန်တော့်ကို မုန်းတဲ့သူတွေကို ကျွန်တော် တကယ်ချစ်ပါတယ်။ သူတို့တွေဟာ ကျွန်တော့်အစား အခြားတစ်ဦးဦးကို နှစ်သက်လို့ ကျွန်တော့်ကို မုန်းတီးတာဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ထားတာ ဖြစ်ပါတယ်။

နောက်ပြီး မုန်းတီးသူတွေ နှစ်သက်တဲ့ အခြားတစ်ဦးဦးကလည်း ကျွန်တော်အနှစ်သက်ဆုံး ပုဂ္ဂိုလ်တစ် ဦးလည်းဖြစ်နိုင်တယ်လို့ ကျွန်တော် ခံစားမိပါတယ်။ ဒါကြောင့်ပဲ မုန်းတီးသူတွေကို ကျွန်တော်ပြန်မမုန်း ပဲ နှစ်သက်တာဖြစ်ပါတယ်” – Taemin

Taemin ရဲ့ အဆိုပါ ရိုးရှင်းပြီး တွေးမြင်တတ်တဲ့ စိတ်ထားနဲ့ယူဆချက်ကို K Netizen တွေ ကောင်းမွန် တဲ့မှတ်ချက်တွေနဲ့အတူ ချီးကျူးခဲ့ကြပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page