K pop

■ လက်သည်းအလှဆင်တာတစ်ခုတည်းအတွက် ဝမ် သန်း 900 သုံးစွဲခဲ့ဖူးတဲ့ Idol တစ်ဦး

— ဒီ Idol တစ်ဦးဟာ လက်သည်းအလှဆင်တာတစ်ခုတည်းအတွက်ကိုပဲ ဝမ်သန်း 900 အထိ သုံးစွဲ ခဲ့ဖူးတာပါတဲ့….ဝိုး…

အဆိုပါ Idol တစ်ဦးကတော့ အခြားသူမဟုတ်ပါဘူး။ F.T Island အဖွဲ့ဝင် ၊ မင်းသားတစ်ဦးလည်းဖြစ် တဲ့ Hongki ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ SBS’s ‘Tiki Taka’ အစီအစဉ်မှာ Hongki က သူဟာ လက်သည်း အလှဆင်တဲ့ အနုပညာကို အလွန်နှစ်သက်သူဖြစ်ပြီး လက်သည်းတွေကို အမြဲတမ်းလည်းဂရုစိုက် တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

Hongki က အခုတလောမှာ သူဟာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် လက် သည်း အလှဆင်မှုတွေကို အချိန်ပြည့်ဂရုမစိုက်နိုင်ပေမယ့် ဝမ် သန်းနဲ့ချီပြီး အလှဆင်မှုတွေကို လုပ်ခဲ့ ဖူးတယ်လို့ ပြောခဲ့တာပါ။ တစ်ခါတုန်းက သူဟာ လက်သည်းပေါ်မှာ ဝမ်သန်း 900 ရှိတဲ့ စိန်အစစ်တွေ နဲ့ အလှဆင်ခဲ့ဖူးတယ်လို့လည်း ပြောခဲ့ပါတယ်။.

“ စိန်တွေဟာ တကယ့်စိန်အစစ်တွေဖြစ်ပါတယ်။ စိန်အစစ်တွေဖြစ်လို့ အလှဆင်တဲ့အခါမှာလည်း ကျွန်တော် သေချာဂရုစိုက်ခဲ့ရသလို ဖယ်တဲ့အခါမှာလည်း ဂရုစိုက်ရပါတယ်” -Hongki

-m2t
Ref: Allkpop

 

You cannot copy content of this page