Celebrity

■ Lee Kwang Soo မရှိတဲ့ Running Man အစီအစဉ်ကို ဘယ်လိုရှေ့ဆက်မလဲ

—- Running Man အစီအစဉ်ရဲ့ PD Choi Bo-pil က Lee Kwnag Soo ထွက်ခွားသွားပြီးနောက် အစီအစဉ်အတွက် ဘယ်လိုအစီအစဉ်ဆွဲထားသလဲဆိုတာကို…

ဇွန်လ 2 ရက်နေ့က Running Man အစီအစဉ်ရဲ့ PD Choi Bo-pil ရဲ့ အင်တာဗျူးကို ကိုရီးယားမီဒီ ယာ Hankook Ilbo က ဖော်ပြခဲ့တာပါ။ အင်တာဗျူးအစီအစဉ်တွင်းမှာ Running Man အစီအစဉ် ကနေ Lee Kwang Soo ထွက်ပြီးနောက် အစီအစဉ်ကို ဘယ်လိုရှေ့ဆက်မလို့ စီစဉ်ထားလဲလို့ PD Choi Bo-pil က မေးမြန်းခံခဲ့ရတာပါ။

PD Choi Bo-pil က “ ဟုတ်ပါတယ်။ Lee Kwang Soo ထွက်သွားတာ အစီအစဉ်အတွက် ထိခိုက်မှု တော့မရှိပါဘူး။ ဒါကြောင့် ရှိုးအစီအစဉ်ကို သိသိသာသာကြီး ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ အချို့ တွေကတော့ အစီအစဉ်မှာ ဧည့်သည်တွေအများကြီးခေါ်သင့်တယ်လို့ အကြံပေးကြပါတယ်။ ဒါပေမဲ့ လောလောဆယ်ဆယ်မှာ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှမတွေးထားပါဘူး” လို့ ပြောခဲ့ပါ တယ်။

နောက်ပြီးတော့ PD Choi Bo-pil ဟာ ထွက်သွားတဲ့ Lee Kwang Soo နေရာကွက်လပ်ကို ဖြည့်မ လားဆိုတဲ့ မေးခွန်းမေးခံရတဲ့အခါမှာတော့ “ ရှေ့ဆက်ဘာဖြစ်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာ ပါ။ လက်ရှိအချိန်မှာတော့ အဖွဲ့ဝင် 7 ဦးနဲ့ပဲ ကျွန်တော်တို့ ရှေ့ဆက်သွားနေမှာပါ။ လက်ရှိအဖွဲ့ဝင် တွေကြားထဲမှာ ပိုပြီး Chemistry ဖြစ်အောင်ပဲ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အနာဂတ်မှာတော့ ကျွန်တော်တို့ အဖွဲ့ဝင်ထပ်တိုးရင် တိုးနိုင်ပါတယ်။ အခုတော့မဟုတ်သေးပါဘူး” လို့ ပြောခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page