K pop

■ ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်တဲ့ Irene ရဲ့ နာမည်ပြောင်နဲ့ အဓိပ္ပါယ်များ

— Red Velvet အဖွဲ့ဝင် Irene ရဲ့ Visual က ပြောပြစရာမလိုလောက်အောင် ပြည့်စုံတဲ့အလှတရားလို့ ပရိသတ်တွေ သတ်မှတ်ထားကြတာပါ။ ပရိသတ်တွေဟာ သူတို့ချစ်တဲ့ Irene ကို နာမည်ပြောင်လေး တွေပေးအပ်ကာ ခေါ်လေ့ရှိပြီး အဲဒီနာမည်ပြောင်တွေနဲ့ အဓိပ္ပါယ်ကို ဖော်ပြပေးလိုက်ပါတယ်။

1) Baechu

ပရိသတ်တွေပေးထားကြတဲ့ Irene ရဲ့ နာမည်ပြောင်တွေအားလုံးထဲကမှ Baechu ဟာ အထင်ရှားဆုံး ဖြစ်ပါတယ်။ ကိုရီးယားလိုအဓိပ္ပါယ်က ဂေါ်ဖီထုပ်ဖြစ်ပေမယ့် သူမရဲ့ နာမည်ရင်း Bae Joo Hyun (Bae) စာလုံးနဲ့အသံထွက်တူလို့ Baechu လို့ ခေါ်ဝေါ်ကြတာပါ။ ပရိသတ်တွေမှမဟုတ်ပါဘူး။ Baechu ကို Red Velvet အဖွဲ့ဝင် ညီမတွေတောင် ခေါ်ဝေါ်ကြပါတယ်။

2) Best Woman of This Generation

Irene ရထားတဲ့ “Best Woman of this Generation” နာမည်ပြောင်ကတော့ Red Velvet အဖွဲ့ဝင် တွေပေးအပ်ထားတာပါ။ Red Velvet အဖွဲ့ဟာ ဒီနေ့အထိ ကျင်လည်ခဲ့တဲ့ တစ်လျှောက်လုံးမှာ အဖွဲ့ လိုက်၊ ဝန်ထမ်းတွေနဲ့ ညစာစားပွဲတွေရှိရင် ဘယ်သူ ဘေလ်ရှင်းပေးရမလဲဆို အငြင်းပွားစရာမရှိခဲ့ပါ ဘူး။ ဘာလို့လည်းဆိုတော့ Irene က အမြဲတမ်း တိတ်တဆိတ် ဘေလ်ရှင်းပေးလိုက်တာဖြစ်ပါတယ်။

3) Baetokki

သူမရဲ့ မွေးနေ့ပါတီတစ်ခုမှာတုန်းက Solo Stan ပရိသတ်တွေက Baetokki လို့ ချစ်စနိုးနဲ့ပေးထားတာ ပါ။ Baetokki ဟာ Irene ရဲ့ Surname “ Bae” နဲ့ “tokki” (ကိုရီးယားစကားလုံး – ရွှေယုန်) ကို ပေါင်း စပ်ထားပြီး ချစ်စရာကောင်းလို့ Baetokki လို့ မှည့်ခေါ်ကြတာဖြစ်ပါတယ်။

4) Baephrodite

နောက်ထပ် Irene ရဲ့ နာမည်ပြောင်ကတော့ Baephrodite ပါ။ “ Bae” နဲ့ “Aphrodite” ပေါင်းစပ် ထားတာဖြစ်ပါတယ်။ Aphrodite ဟာ ဂရိနတ်ဘုရားမရဲ့ အမည်ဖြစ်ပြီး Irene ရဲ့ အလှကို ပရိသတ် တွေက တင်စားပြီး အခုလို နာမည်ပြောင်ပေးထားတာဖြစ်ပါတယ်။

Part -2 ဆက်လက်ဖတ်ရှုန် . . .

-m2t
Ref: Koreaboo

You cannot copy content of this page