K pop

■ Ravi ရဲ့ သီချင်းသစ် Red Velvet အဖွဲ့ကို မဖွယ်မရာစာသားတွေ ထည့်သွင်းသီဆိုခဲ့တာဆိုပြီး ပရိသတ်တွေ ပြင်းပြင်းထန်ထန် ဝေဖန်

– – – သီချင်းထဲမှာ ပါဝင်တဲ့စာသားဟာ Red Velvet အဖွဲ့ကို ရည်ညွှန်းတာလို့….

VIXX အဖွဲ့ဝင် Ravi ဟာ မကြာသေးခင်တုန်းက Mini Album ကို ထုတ်ဝေခဲ့တာဖြစ်ပြီး Jamie နဲ့အတူ သီဆိုထားတဲ့ Red Velvet ဆိုတဲ့သီချင်းက ပရိသတ်တွေကြား နာမည်ကြီးနေပါတယ်။

ကောင်းတဲ့ပုံစံနဲ့ နာမည်ကျော်ကြားတာမျိုး မဟုတ်ဘဲ အဲဒီသီချင်းက Red Velvet အဖွဲ့ကို မဖွယ်မရာစာသားတွေ ထည့်သွင်းသီဆိုထားခဲ့လို့ ပရိသတ်တွေက ဒေါသထွက်ကာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။

အဲဒီသီချင်းစာသားထဲမှာ ” Red Velvet ကိုနည်းနည်းလောက် ကိုက်လိုက်တယ်” “မင်းငါ့ကိုချစ်တယ်ဆိုတာသိတယ်”စသဖြင့် စာသားတွေ ထည့်ဆိုထားတာပါ။ ဒါ့အပြင် Dumb, dumb, dumb / Dumb, dumb, dumb” Russian roulette တို့လို Red Velvet ရဲ့ နာမည်ကျော်သီချင်းတွေကိုပါ ထည့်ဆိုထားခဲ့လို့ ဒါက Red Velvet အဖွဲ့ကို ရည်ညွှန်းတာလို့ ပရိသတ်တွေက ယူဆခဲ့ကြပါတယ်။

ဒ့ါအပြင် “sooyoung-haneun” နဲ့ “yeri-hagien” စတဲ့စာသားတွေကိုလည်း ထည့်သွင်းဆိုထားပါတယ်။ ဒါတွေက Red Velvet အဖွဲ့ဝင်တွေဖြစ်တဲ့ Joy နဲ့ Yeri တို့ရဲ့ နာမည်တွေပါ။ ဒါကြောင့် ဒီသီချင်းဟာ Red Velvet အဖွဲ့ကို ညွှန်းဆိုတာလို့ ပရိသတ်တွေကတော့ အခိုင်အမာ ယူဆနေကြပါတယ်။

ဒါကြောင့် ဒီသီချင်းကို နားထောင်အပြီးမှာ ပရိသတ်တွေက ဒေါသထွက်ခဲ့ကြပြီး “ဒါက ကိတ်အကြောင်း မဟုတ်ဘူးပဲ။ စာသားတွေက မဖွယ်မရာဖြစ်နေတယ်” “အဖွဲ့နာမည်တွေကို သီချင်းတွေ ထည့်ဆိုတာ မုန်းလိုက်တာ။ လုံး၀ စိတ်ပျက်စရာကောင်းတယ်” “ဒါက မဖွယ်မရာစာသားတွေပဲ”စသဖြင့် ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။

Ravi ကတော့ သူ့ဆိုထားတဲ့ Red Velvet ဆိုတာ ကိတ်မုန့်အမျိုးအစားအကြောင်းဖြစ်ကြောင်း၊ သူ့အနေနဲ့ Red Velvet အဖွဲ့ဝင်တွေကို ပုဂ္ဂိုလ်ရေးအရ သိရှိခြင်း မရှိကြောင်း ရှင်းလင်းခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page