– – – မလေးရှား Rapper ညစ်ညမ်းစကားလုံးတွေနဲ့ BLACKPINK အ ဖွဲ့ကို…
Namewee လို့ လူသိများတဲ့ မလေးရှာား Rapper ကတော့ သူ့ရဲ့ သီချင်းတစ်ပုဒ်မှာ BLACKPINK အဖွဲ့ကို မဖွယ်မရာစာသား ထည့်သွင်း ရေးစပ်ခဲ့လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။
(၃၈) နှစ်အရွယ် Rapper ဟာ အရင်ကလည်း အခုလို ညစ်ညမ်းစကားလုံးတွေနဲ့ သူ့သီချင်းထဲမှာ ရေးစပ်ခဲ့ဖူးတာကြောင့် အငြင်းပွားဖွယ်ရာဖြစ်ရပ်တွေ ဖြစ်ခဲ့ရဖူးသူပါ။ မေလအတွင်းမှာ Namewee ဟာ “You Know Who Is My Father?” သီချင်း ထွက်ရှိခဲ့ပါတယ်။
အဲဒီထဲကစာသားတစ်ချို့ဟာ BLACKPINK အဖွဲ့ကို ညစ်ညမ်းစာသားတွေ ထည့်သွင်းရေးစပ်ခဲ့တာပါ။ Music Video ထဲမှာ Translate ထားတဲ့ စာသားမှာတော့ အမြဲတမ်း BLACKPINK အဖွဲ့ဝင်တွေကိုကြည့်ပြီး masturbate လုပ်တယ်ဆိုတဲ့ စာသားပါဝင်နေတာပါ။
ဒီသီချင်းဟာ ပရိသတ်တွေကြားထဲ ပျံ့နှံ့သွားခဲ့ရာမှာတော့ ဒါက လုံးဝလေးစားမှုမရှိတဲ့လုပ်ရပ်လို့ ဝေဖန်ခဲ့ပြီး ဒီသီချင်းကို Report ထုကြဖို့ ပရိသတ်အချင်းချင်း တိုက်တွန်းခဲ့ကြသလို ဒီကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ YG ထံ တောင်းဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ Namewee ကတော့ ပရိသတ်တွေရဲ့ ဝေဖန်မှုကို မထီမဲ့မြင် တုံ့ပြန်ခဲ့ပြီး သူ့သီချင်း Views တွေတက်လာတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ သူ့သီချင်းအဓိပ္ပာယ်ကို နားလည်စေချင်ကြောင်း ဆိုခဲ့ပါတယ်။
-Ref: Koreaboo