K pop

■ YouTube Views အများဆုံး First K-pop Group MV ဖြစ်လာခဲ့တဲ့ “DDU-DU DDU-DU”

—- BLACKPINK အဖွဲ့ရဲ့ MV တွေထဲမှာ YouTube Views အများဆုံးဖြစ်တဲ့ “DDU-DU DDU-DU”ဟာ ဆက်လက်ပြီး မိုင်တိုင်တစ်ခုဆီကို….

BLACKPINK အဖွဲ့ရဲ့ “DDU-DU DDU-DU” ဟာ YouTube Views 1.6 ဘီလီယံ မိုင်တိုင်ကိုရောက်ရှိ ခဲ့ပြီး YouTube Views အများဆုံး First K-pop Group MV အဖြစ် ထပ်တိုးစံချိန်ကိုစိုက်ထူနေဆဲဖြစ်ပါတယ်။

“DDU-DU DDU-DU” သီချင်းဟာ ဇွန်လ 4 ရက်နေ့ ကိုရီးယားစံတော်ချိန် 7:30 AM မှာ YouTube Views 1.6 ဘီလီယံမိုင်တိုင်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီမိုင်တိုင်ကိုရောက်ရှိတဲ့ ပထမဆုံး K-pop Group MV ဖြစ်ခဲ့ပြီး K-pop Artist MV တွေအားလုံးအနက်မှာတော့ ဒုတိယမြောက် Views အများဆုံး MV တစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

Views အများဆုံး K-pop Artist MV တစ်ခုကတော့ PSY ရဲ့ “Gangnam Style.” ဖြစ်ပြီး YouTube Views 4ဘီလီယံကျော်ရှိတာဖြစ်ပါတယ်။ BLACKPINK အဖွဲ့ရဲ့ “DDU-DU DDU-DU” MV ဟာ 2018 ခုနှစ် ဇွန်လ 15 ရက်နေ့ ကိုရီးယားစံတော်ချိန် 6PM မှာထုတ်လွှင့်ခဲ့တာဖြစ်လို့ YouTube Views 1.6 ဘီလီယံမိုင်တိုင်ကို ရောက်ရှိဖို့ ကြာမြင့်ချိန်မှာ 2နှစ်၊ 11လ၊ 19ရက်နဲ့ 13နာရီဖြစ်ပါတယ်။

-m2t
Ref: Soompi

You cannot copy content of this page