K pop

■ “Dynamite” ရဲ့ စံချိန်ကို ဆက်လက်ချိုးနေဆဲဖြစ်တဲ့ “Butter”

—- BTS ရဲ့ နောက်ဆုံးထွက်တဲ့ သီချင်းသစ် “Butter” ဟာ စံချိန်သစ်တွေကို ဆက်လက်စိုက်နေဆဲ…

ဇွန်လ 4 ရက်နေ့က BTS အဖွဲ့ရဲ့ “Butter” သီချင်းဟာ YouTube Views စံချိန်သစ်ကို စိုက်ထူနိုင်ခဲ့ ပြန်ပြီဖြစ်ပါတယ်။

အဆိုပါနေ့ ကိုရီးယားစံတော်ချိန် 11:40PM မှာ “Butter” သီချင်းဟာ YouTube Views သန်း 300 ပြည့်သွားခဲ့ပါတယ်။ ဒါကြောင့် “Butter” သီချင်းဟာ YouTube Views သန်း 300 အမြန်ဆုံးပြည့်တဲ့ K-pop Group MV တစ်ပုဒ်လည်းဖြစ်လာခဲ့ပါတယ်။

“Butter” သီချင်းဟာ မေလ 21 ရက် ကိုရီးယားစံတော်ချိန် 1PM မှာထုတ်လွှင့်ခဲ့တာဖြစ်လို့ YouTube Views သန်း 300 ပြည့်ဖို့ 14 ရက်၊ 10နာရီနဲ့ 40မိနစ်ပဲကြာမြင့်ခဲ့တာဖြစ်ပြီး စံချိန်သစ်စိုက်ထူခဲ့တာပါ။

အရင်က YouTube Views သန်း 300 အမြန်ဆုံးပြည့်တဲ့ K-pop Group MV အဖြစ် စံချိန်တင်ထား တာကလည်း BTS ရဲ့ “Dynamite” သီချင်းပဲဖြစ်ပြီး 15ရက်၊ 3နာရီနဲ့ 50မိနစ်ဖြစ်ပါတယ်။

“Butter” သီချင်းဟာ စတင်ထုတ်လွှင့်ခဲ့ကတည်းက 24 နာရီအတွင်း Dynamite တင်ထားတဲ့ ကမ္ဘာ့ ဂင်းနစ်စံချိန်တွေအပါအဝင် YouTube Views မိုင်တိုင်တစ်ခုစီကို ဆက်လက်ချိုးဖြတ်ပြီး စံချိန်သစ်တွေ ရေးထိုးခဲ့တာပါ။ ဆက်လက်ပြီးတော့ YouTube Views သန်း 200 ၊ 300 မိုင်တိုင်တွေကို ချိုးဖြတ်နေ ဆဲဖြစ်သလို နောက်ထပ်လည်း ထပ်မံချိုးနေဦးမှာလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

-m2t
Ref: Soompi

You cannot copy content of this page