K pop

■ 2021 ခုနှစ် ဂျပန်မှာ ပေါ်ပြူလာအဖြစ်ဆုံး K-pop Group တွေကို ဘယ်သူတွေလဲ

—- ဂျပန်မှာ ပေါ်ပြူလာအဖြစ်ဆုံး K-pop Group တွေက ဘယ် Group တွေလို့ထင်ပါသလဲ…

ဂျပန် မီဒီယာနဲ့ဖျော်ဖြေရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Nikkei Entertainment က ‘Talent Power Ranking’ အချက်အလက်ကို တွက်ချက်ပြီး 2021 ခုနှစ် ဂျပန်မှာ ပေါ်ပြူလာအဖြစ်ဆုံး K-pop Group တွေကို ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါထုတ်ပြန်ချက်အရ ဂျပန်မှာ ပေါ်ပြူလာအဖြစ်ဆုံး K-pop Group ကတော့ JYP Entertainment ရဲ့ အမျိုးသမီးအဖွဲ့ TWICE ပဲဖြစ်ပါတယ်။ Nikkei Entertainment က ဂျပန်ပြည်သူ တွေကို ဆာဗေးကောက်ယူရာမှာ 38 ရာခိုင်နှုန်းက TWICE အဖွဲ့ကို သိရှိကြပြီး 68.5 ရာခိုင်နှုန်းက သူတို့ကို ပရိသတ်အနေနဲ့ စိတ်ဝင်စားကြတယ်လို့ ဖော်ပြခဲ့ပါတယ်။

TWICE အဖွဲ့ရဲ့နောက် ဂျပန်မှာ ပေါ်ပြူလာအဖြစ်ဆုံး K-pop နောက်တစ်ဖွဲ့ကတော့ BTS ဖြစ်ပါ တယ်။ BTS အဖွဲ့ကို ဂျပန်ပြည်သူ 29.5 ရာခိုင်နှုန်းက သိရှိကြသလို 68.5 ရာခိုင်နှုန်း စိတ်ဝင်စားခဲ့ကြ ပါတယ်။

TWICE ၊ BTS တို့ရဲ့နောက်မှာတော့ အဖွဲ့ဖျက်သိမ်းသွားပြီဖြစ်တဲ့ IZ*ONE အဖွဲ့က ပေါ်ပြူလာအဖြစ် ဆုံးဖြစ်ပြီး ဂျပန်ပြည်သူ သိရှိမှုနဲ့ စိတ်ဝင်စားမှု (14.5% / 78.5%) ဖြစ်သလို Seventeen (12% / 82.5%) ၊ EXO (10% / 72.5%) တို့ကလည်း ဂျပန်မှာ ပေါ်ပြူလာအဖြစ်ဆုံး K-pop Group တွေ အဖြစ် အစဉ်လိုက်ရပ်တည်ခဲ့ကြပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page