Celebrity

■ IU နဲ့တူတယ်ဆိုတဲ့ K Netizen တွေရဲ့အမြင်အပေါ် ‘Move to Heaven’ မင်းသမီး Hong Seunghee ဘယ်လိုခံစားရသလဲ

— K Netizen တွေဟာ ‘Move to Heaven’ မင်းသမီး Hong Seunghee ဟာ နာမည်ကျော် အဆို တော်၊ မင်းသမီး IU နဲ့ ဆင်တူတယ်ဆိုပြီး နှိုင်းယှဉ်မှုတွေရှိနေ…

‘Move to Heaven’ Netflix စီးရီးမှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုနဲ့ အားပေးမှုကို ရရှိခဲ့တဲ့ မင်းသမီး Hong Seunghee ဟာ သူမအနေနဲ့ IU နဲ့ ဆင်တူတယ်ဆိုပြီး ပရိသတ်တွေရဲ့ နှိုင်းယှဉ်မှုအပေါ် ဘယ်လိုမြင်သလဲဆိုတာကို ဖွင့်ဟခဲ့ပါတယ်။

ဇွန်လ 2 ရက်နေ့က မင်းသမီး Hong Seunghee ဟာ Herald POP နဲ့အင်တာဗျူးပြုလုပ်ခဲ့ပြီး အဲဒီမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ “ ကျွန်မအနေနဲ့ IU နဲ့ဆင်တူတယ်လို့ တစ်ခါမှမခံစားဖူးပါဘူး။ ဒါပေမဲ့ ပရိသတ်တွေက ကျွန်မကို IU နဲ့ဆင်တူတယ်ဆိုပြီး ခဏခဏ နှိုင်းယှဉ်ခဲ့ကြပါတယ်” လို့ Hong Seunghee က ပြောခဲ့ပါတယ်။

ထပ်ပြီးတော့လည်း ပရိသတ်တွေအနေနဲ့ စီနီယာ IU နဲ့ ကျွန်မကို ဆင်တူတယ်လို့ ပြောတာကို ပျော် ရွှင်မိကြောင်းနဲ့ IU ရဲ့သီချင်းတွေကိုလည်း သူမ နှစ်သက်တယ်လို့ Hong Seunghee က ပြောခဲ့ပါ တယ်။

“ IU နဲ့ ကျွန်မ ဆင်တူတယ်ဆိုတာကိုတော့ ကျွန်မ သံသယရှိပါတယ်။ ပရိသတ်တွေက ကျွန်မနဲ့ IU ဘာကြောင့် ဆင်တူတယ်လို့ တွေးနေတာကို ကျွန်မလည်း သိချင်မိပါတယ်။ ဒါပေမဲ့ ဒီလိုနှိုင်းယှဉ်မှုကို ကျွန်မ ပျော်ရွှင်ရပါတယ်”

– Hong Seunghee

-m2t
Ref: Kstarlive

You cannot copy content of this page