– – -ကျွန်တော်တို့က တစ်လှေတည်း မစီးရင်သာနေမယ်။ တစ်ခရီးတည်း သွားနေသူတွေ။ ဒီတော့ K-pop ကို မုန်းမယ်၊ K-pop အဖွဲ့တစ်ဖွဲ့ကို မုန်းတော့မယ်ဆိုရင်……..
K-pop ဟာ ကမ္ဘာပေါ်မှာ ရေစီးကြောင်းကောင်းကောင်းနဲ့ အကောင်းဆုံး စီးဆင်းနေပါတယ်။ လက်ရှိ ၂၀၂၁ ခုနှစ်မှာ K-pop ဟာ အရှိန်အဟုန် ပြင်းပြင်းနဲ့ ဆက်လက်စီးဆင်းမြဲဖြစ်ပြီး အနောက်နိုင်ငံတွေကို စိမ့်ဝင်တဲ့အထိ K-pop က အားကော်းလာခဲ့ပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာလည်း K-pop ကို မနာလိုမုန်းထားသူတွေများစွာရှိနေပါတယ်။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံမှာလည်း K-pop ကို ဖြူလား၊ မဲလားတောင် မသိဘဲ K-pop ဆိုတာတဲ့ ဆဲမယ်ဆိုတဲ့လူတွေ တစ်ပုံကြီး ရှိနေတာပါ။
ဒီလိုလူမျိုးတွေအတွက် TWICE အဖွဲ့ရဲ့ Hater ဖြစ်ခဲ့ဖူးသူက အကောင်းဆုံး သင်ခန်းစာပေးသွားခဲ့ပါတယ်။ NihonSaranghae ဆိုတဲ့ You Tube က သူမရဲ့ TWICE ပရိသတ် ဖြစ်လာပုံကို ထုတ်ဖော်သွားခဲ့ပါတယ်။ အစကတော့ သူမက TWICE Hater တစ်ယောက်ပါ။
TWICE ဟာ ဘာအရည်အချင်းမှ မရှိဘဲ ရုပ်ချောလို့သာ ထင်ပေါ်နေတာလို့ သူမက မှတ်ယူထားလျက်ရှိနေပါတယ်။ နောက်ပြီး သူမဟာ SNSD အဖွဲ့ရဲ့ အမာခံပရိသတ်ဖြစ်နေတာကလည်း TWICE ကို မုန်းစေတဲ့ အချက်တစ်ချက်လို့ ဝန်ခံခဲ့ပါတယ်။
အဲဒီနောက် သူမဟာ TWICE ရဲ့ Variety Show တွေ၊ Reality Show တွေကို ကြည့်ခဲ့ပြီး အဲဒီမှာ TWICE အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ အရည်အချင်းကို တွေ့မြင်ခဲ့ကာ TWICE ကို စတင်နှစ်သက်လာခဲ့တာပါ။ TWICE မှာမှ သူမဟာ Sana ရဲ့ အမာခံပါ။ SIXTEEN ကိုကြည့်ခဲ့ပြီးနောက်မှာတော့ အဖွဲ့ဝင်တွေ ဘယ်လောက်တောင်မှ ရုန်းကန်ခဲ့ရသလဲဆိုတာကို သိရှိသွားခဲ့ပြီး Bias တောင် ရွေးချယ်မရ ဖြစ်ခဲ့တယ်လို့ သူမက ဖွင့်ဟခဲ့ပါတယ်။
TWICE မှမဟုတ်ပါဘူး။ K-pop အဖွဲ့ဝင်တိုင်းဟာ ဒီနေ့လိုအောင်မြင်လာဖို့အတွက် နာရီပေါင်းများစွာ၊ အချိန်ပေါင်းများစွာ အိပ်ပျက်ခံပြီး ပေးဆပ်ထားခဲ့ကြတာပါ။ ဒါကြောင့် သူမကတော့ အဆုံးသတ်မှာ စကားတစ်ခွန်းပြောသွားခဲ့ပါတယ်။ အဖွဲ့တစ်ဖွဲ့ကို မုန်းဖို့မဆုံးဖြတ်လိုက်ခင် သူတို့ဘယ်လိုကြိုးစားခဲ့သလဲ၊ ဘယ်လို ကျော်ဖြတ်ခဲ့သလဲဆိုတာကို အရင်လေ့လာပါဦးတဲ့။
ဒီလိုပါပဲ။ ကျွန်တော်တို့ K-pop ပရိသတ်တွေဟာ တစ်လှေတည်းမစီးရင်သာ နေမယ်။ အားလုံးက တစ်ခရီးတည်းအတူတူသွားနေကြတာပါ။ ဒီတော့ ကျွန်တော်တို့ရဲ့ တွဲလက်တွေအားလုံး ဖြောင့်ဖြောင့်တန်းတန်း ဖြစ်နေဖို့ လိုအပ်ပါတယ်။
-Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *