K pop

■ နာမည်ကျော် K-Pop အဖွဲ့တွေမှာ အဖွဲ့ကို ကိုယ်စားပြုတဲ့ အသံပိုင်ရှင်တွေလို့ တင်စားခံသူများ (၁)

— – – K-Pop အဖွဲ့တိုင်းမှာ အဖွဲ့ဝင်တိုင်းက Unique ဖြစ်ပေမဲ့ သူတို့ကတော့ အဖွဲ့ကို ကိုယ်စားပြုတယ်လို့ …

Reddit က နာမည်ကျော် K-Pop အဖွဲ့တွေမှာ အဖွဲ့ကို ကိုယ်စားပြုတဲ့ အသံပိုင်ရှင်တွေကို ဖော်ပြခဲ့ပါတယ်။ သူတို့အသံကို ကြားလိုက်တာနဲ့ ဒီသီချင်းကတော့ ဒီအဖွဲ့ကဆိုပြီး တန်းသိလောက်အောင်ကို သူတို့ရဲ့အသံတွေက သူတို့အဖွဲ့တွေကို ကိုယ်စားပြုတယ်လို့ Reddit က ဆိုပါတယ်။

MAMAMOO – Hwasa


MAMAMOO က အဖွဲ့ဝင်တိုင်း ထူးခြားတဲ့အသံတွေကို ပိုင်ဆိုင်ထားပြီး vocal powerhouse ကို တင်စားခံရတဲ့အဖွဲ့ပါ။ ဒါပေမဲ့ အဲဒီထဲက တစ်ယောက်ကို မဖြစ်မနေရွေးရမယ်ဆိုရင်တော့ Hwasa ပါပဲ။ Hwasa ရဲ့ အသံက Deep & Soft ပါတဲ့။

 

EXO – Baekhyun


Baekhyun က မွေးရာပါ အသံပါရမီရှင်ပါ။ EXO အဖွဲ့ထဲမှာဆိုရင်တော့ Baekhyun ပြီးရင် Deep Voice နဲ့ ဆိုတတ်တဲ့ Chanyeol ကို ရွေးရမယ်လို့ Reddit က ဆိုပါတယ်။

 

BLACKPINK – Rosé


BLACKPINK ကိုတော့ အဖွဲ့လုံးထူးချွန်တယ်လို့ ပရိသတ်တွေက ဆိုကြပါတယ်။ ဒါပေမဲ့ Rosé ရဲ့ အသံကတော့ အားလုံးထက် တမူကို ထူးခြားနေတာတော့ ငြင်းမရပါဘူး။

NCT – Mark and Taeyong


NCT မှာတော့ Mark နဲ့ Taeyong တို့ နှစ်ယောက်စလုံးကို ချန်ထားလို့ မရဘူးလို့ ဆိုရမှာပါ။ Mark ရဲ့ English Rap တွေနဲ့ သူ့နာမည်နဲ့ လိုက်သလို၊ Taeyong ရဲ့ deep & reverberating voice ကိုလည်း လူတိုင်း မှတ်မိပါတယ်။

Ref: Koreaboo

You cannot copy content of this page