— – – K-Pop အဖွဲ့တိုင်းမှာ အဖွဲ့ဝင်တိုင်းက Unique ဖြစ်ပေမဲ့ သူတို့ကတော့ အဖွဲ့ကို ကိုယ်စားပြုတယ်လို့ …
Reddit က နာမည်ကျော် K-Pop အဖွဲ့တွေမှာ အဖွဲ့ကို ကိုယ်စားပြုတဲ့ အသံပိုင်ရှင်တွေကို ဖော်ပြခဲ့ပါတယ်။ သူတို့အသံကို ကြားလိုက်တာနဲ့ ဒီသီချင်းကတော့ ဒီအဖွဲ့ကဆိုပြီး တန်းသိလောက်အောင်ကို သူတို့ရဲ့အသံတွေက သူတို့အဖွဲ့တွေကို ကိုယ်စားပြုတယ်လို့ Reddit က ဆိုပါတယ်။
TWICE – Sana
TWICE အဖွဲ့ကို ကိုယ်စားပြုသူအဖြစ် Sana ကို ရွေးတဲ့အပေါ် စောဒကတက်ချင်သူတွေ ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမဲ့ Sha Sha နဲ့တင် Sana က ကိုယ်စားပြုဖို့ ထိုက်တန်လို့ Reddit က ဆိုပါတယ်။
SHINee – Jonghyun
Jonghyun ရဲ့ အသက်ရှုသံကိုက ထင်ရှားတဲ့ အမှတ်အသား ဖြစ်ပါတယ်။ SHINee အဖွဲ့မှာ အဖွဲ့ဝင်တိုင်း တော်ကြပေမဲ့ အသံပိုင်းနဲ့ပတ်သက်လို့ ရွေးချယ်ရင်တော့ Jonghyun ပါပဲ။ ငယ်ငယ်ရွယ်ရွယ်ဆုံးရှုံးလိုက်ရတာ K-Pop အတွက် ထိုးနှက်ချက်ပါပဲ။
Red Velvet – Seulgi
Red Velvet မှာ Wendy, Joy နဲ့ Seulgi တို့ရဲ့ အသံတွေက အရမ်းကို Unique ဖြစ်လွန်းပါတယ်။ ဒါပေမဲ့ Red Velvet ကို ပြည့်စုံစေတဲ့အသံကတော့ Seulgi ရဲ့ အသံပါပဲ။
BIGBANG – G-Dragon
K-Pop မှာ Iconic အဖြစ်ဆုံး ပုဂ္ဂိုလ်နဲ့ အသံပိုင်ရှင်ကို ပြပါဆိုရင်တော့ King of K-Pop ကလွဲပြီး လက်ညှိုးညွှန်စရာ လူမရှိပါဘူး။ အသံပိုင်းနဲ့ပတ်သက်လို့ BIGBANG ဟာ လုံးဝပြည့်စုံပြီး အဲဒီထဲမှာ GD ရဲ့ asal tone & iconic voice ကတော့ BIGBANG ရဲ့ မရှိမဖြစ်ပါပဲ။
Ref: Koreaboo