K pop

■ ဒီလအတွင်း ရှုစားရမယ့် Han So Hee ရဲ့ 19+ ဇာတ်လမ်းတွဲ

— – – WOTM နဲ့ နာမည်ကြီးလာတဲ့ Han So Hee ရဲ့ ဇာတ်လမ်းတွဲသစ်ကလည်း (၁၉)ယောက် စုကြည့်ရမှာပါတဲ့ …

Han So Hee နဲ့ Song Kang အဓိကသရုပ်ဆောင်မယ့် Nevertheless ဇာတ်လမ်းတွဲဟာ အပိုင်း (၁၀)ပိုင်း ပါဝင်မှာဖြစ်ပြီး Rating (19+) သတ်မှတ်ထားတာကြောင့် အရွယ်ရောက်ပြီးသူတွေ ကြည့်ရှုနိုင်မှာပါ။

Nevertheless ဟာ လက်ရှိကိုရီးယားအနုပညာလောကမှာ ခေတ်စားနေတဲ့ webtoon ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး အချစ်ကို မယုံပေမဲ့ ရည်စားမရှိဘဲ မနေနိုင်တဲ့ ကောင်မလေးနဲ့ ကြူရတာကို နှစ်သက်တဲ့ ကောင်လေးတို့အကြောင်း ဖြစ်ပါတယ်။

19+ ဆိုပေမဲ့ ဟိုကားတွေလို ကြမ်းကြမ်းရမ်းရမ်း ပါမှာမဟုတ်ပေမဲ့ “ချိုမြိန်ပေမဲ့ ကြက်သီးထလောက်အောင် Sexy ဖြစ်တယ်”လို့ ညွှန်းဆိုထားပါတယ်။

မင်းသမီး Han So Hee ပါဝင်တဲ့ World Of The Married မှာလည်း 19+ ဖြစ်ခဲ့ပြီး အဲဒီဇာတ်လမ်းတွဲဟာ အခပေးရုပ်သံသမိုင်းမှာ လူကြည့်အများဆုံး ဇာတ်လမ်းတွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Nevertheless မှာ ဒီနေ့ခေတ် အသက်(၂၀)ကျော်တွေရဲ့ လူနေမှုဘဝကို ထင်ဟပ်စေမှာဖြစ်ပြီး JTBC ရုပ်သံလိုင်းကနေ ဇွန်လ (၁၉)ရက်နေ့ စတင်ထုတ်လွှင့်မှာပါ။ အောက်က ဗီဒီယိုမှာ အမြည်းကြည့်လို့ ရပါတယ်။

Ref: Koreaboo

You cannot copy content of this page