Celebrity

■ Jennie ကို တကယ်ပါးရိုက်ခဲ့လားဆိုတဲ့ ပရိသတ်ရဲ့မေးခွန်းကို Han Ye Seul တိုက်ရိုက်တုံ့ပြန်

— – – Netizen တွေရဲ့ မေးခွန်းတွေကို ပြန်ဖြေနေတာကြောင့် Han Ye Seul တစ်ယောက် ပရိသတ်တွေရဲ့ …

နာမည်ကျော်မင်းသမီး Han Ye Seul ဟာ သူ့ရဲ့ရည်းစားနဲ့ပတ်သက်ပြီး ပရိသတ်တွေ စိတ်ပူနေတဲ့အပေါ် ပြန်လည်တုံ့ပြန်နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက သူဟာ IG မှာ Lamborgini ကား ဘန်ပါပေါ်မှာ ထိုင်နေတဲ့ပုံကို တင်ခဲ့ပြီး သူ့အနေနဲ့ သည်းခံနေမှာ မဟုတ်ဘဲ အားလုံးကို ရင်ဆိုင်သွားမယ်လို့ အဓိပ္ပာယ်ရတဲ့ စာသားကို ရေးတင်ခဲ့တာပါ။

အဲဒီမှာ ပရိသတ်တစ်ယောက်က “BLACKPINK Jennie ကို နင် ပါးရိုက်ခဲ့တယ်လို့ ကောလာဟလတွေ ထွက်နေတယ်။ အဲဒါ တကယ်လား”ဆိုပြီး Comment မှာ မေးခဲ့တာပါ။

ပရိသတ်ရဲ့ မေးခွန်းကို Han Ye Seul က “ငါ Jennie ကို တစ်ခါမှတောင် မတွေ့ဖူးပါဘူး”လို့ Reply ပြန်ခဲ့တာပါ။ အစက အဲဒီကောလာဟလတွေ ထွက်ခဲ့တာကြောင့် ပရိသတ်တွေ စိတ်ပူခဲ့ပေမဲ့ Han Ye Seul ရဲ့ အဖြေကြောင့် ပရိသတ်တွေ ကျေနပ်ခဲ့ကြတယ်လို့ ကိုရီးယားမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

Ref: AKP

You cannot copy content of this page