— – – သူရဲ့ အေဂျင်စီက ဇူလိုင်လအတွင်း Comeback လုပ်မယ်လို့ …
2NE1 အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Minzy ရဲ့ အေဂျင်စီဖြစ်တဲ့ MZ Entertainment က Minzy ဟာ ဇူလိုင်လအတွင်း Comeback ပြုလုပ်မယ်လို့ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
MZ Entertainment ရဲ့ ထုတ်ပြန်ချက်အရ Minzy ဟာ လက်ရှိမှာ Single Album အတွက် ပြင်ဆင်နေကြောင်းနဲ့ ဇူလိုင်လမှာ ထုတ်ဝေသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် Minzy ဟာ အဲဒီ Single Album ကို ကိုယ်တိုင် Promoting လုပ်သွားမယ်လို့လည်း MZ Entertainment က ထုတ်ပြန်ခဲ့သေးတာပါ။
Minzy ဟာ Musicworks Entertainment နဲ့ လမ်းခွဲပြီး ၂၀၂၀ အောက်တိုဘာလတုန်းက MZ Entertainment ဆိုတဲ့ ကိုယ်ပိုင်အေဂျင်စီကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
Ref: AKP