K pop

■ TikTok မှာ ONCE တွေကို Surprise တိုက်လိုက်တဲ့ TWICE

—- ‘Taste of Love’ Comeback Album အတွက် TWICE အဖွဲ့ဟာ Teaser တွေစီးရီးလိုက် ထုတ် ပြန်ပြီးတဲ့နောက်မှာတော့…

ဇွန်လ 6 ရက်နေ့က TWICE အဖွဲ့ဟာ သူတို့ရဲ့ TikTok အကောင့်မှာ ONCE တွေကို Surprise တိုက် ခဲ့ပါတယ်။ TWICE အဖွဲ့ဟာ သူတို့ရဲ့ Comeback Album ထဲမှာ ပါဝင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘Conversation’ သီချင်းကို Taste Sample အနေနဲ့ တင်ခဲ့ပါတယ်။

အဆိုပါ TikTok ပေါ်မှာတင်ခဲ့တဲ့ ‘Conversation’ သီချင်းဟာ TWICE အဖွဲ့ရဲ့ Comeback ပရိုမိုးရှင်း အချိန်ဇယားထဲမှာမပါဝင်ဘဲ ONCE တွေကို Surprise တိုက်လိုက်တာဖြစ်ပါတယ်။

နောက်ပြီး အဆိုပါ ‘Conversation’ သီချင်းရဲ့ သီချင်းစာသားတွေကို TWICE ဂျပန်အဖွဲ့ဝင်တစ်ဦးဖြစ် တဲ့ Sana က ရေးသားထားတာလို့လည်းသိရပါတယ်။ ဒါကြောင့်လည်း TikTok ပေါ် ‘Conversation’ သီချင်းအပိုင်းအစလေးဟာ ONCE တွေကို ပိုပြီး စိတ်ဝင်စားစေခဲ့ကြပါတယ်။

TWICE အဖွဲ့ဟာ သူတို့ရဲ့ Comeback ကို ဇွန်လ 11 ရက်နေ့မှာ ထုတ်လွှင့်မှာဖြစ်တာကြောင့် ဆက် လက်ပြီး Teaser ပုံရိပ်တွေကိုလည်း ဆက်တိုက်ထုတ်လွှင့်နေဦးမှာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page