K pop

■ ဂျပန် Album မထုတ်ဘဲ ဂျပန် Oricon Chart မှာ Album ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တဲ့ BTS

— 2021 ခုနှစ်ထဲမှာ BTS ဟာ ဂျပန် Album မထုတ်ထားပေးမယ့် …

မကြာသေးခင်က ဂျပန် Oricon Chart ဟာ 2021 ခုနှစ် သူတို့ Chart ပေါ်မှာ Album ရောင်းအားအ ကောင်းဆုံး K-pop Group တွေကို ထုတ်ပြန်ခဲ့ပါတယ်။

Oricon Chart ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာကျော် BTS အဖွဲ့ဟာ 2021 ခုနှစ်ထဲမှာ ဂျပန် Album မထုတ်၊ ပရိုမိုးရှင်းလည်းပြုလုပ်ထားခြင်းမရှိပေမယ့်် Album ရောင်းအားအကောင်းဆုံး Group အဖြစ် ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။

BTS အဖွဲ့ဟာ ဂျပန် Oricon Chart မှာ Album Copies 506,605 ရောင်းချနိုင်ခဲ့ပြီး ဒုတိယနေရာမှာ ရပ်တည်နေတဲ့ Seventeen (502,174 copies ရောင်းအား)ကို ကျော်ဖြတ်ကာ ထိပ်ဆုံးမှာရပ်တည်ခဲ့ တာပါ။

တတိယနေရာနဲ့ စတုတ္ထနေရာမှာတော့ NCT 127 နဲ့ TWICE အဖွဲ့တို့ကရပ်တည်နေပြီး NCT 127 က Album Copies 172,226 ရောင်းချနိုင်ခဲ့သလို TWICE အဖွဲ့က Album Copies 153,599 ရောင်းချ နိုင်ခဲ့ပါတယ်။

Big Hit အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ TXT အဖွဲ့ကလည်း နံပါတ် (5)မှာရပ်တည်နေပြီး Album Copies 152,361 ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ Oricon Chart ရဲ့ Top Ten စာရင်းထဲမှာ ENHYPEN, TREASURE, ASTRO, Stray Kids, NCT Dream တို့လည်း ပါဝင်ရပ်တည်ခဲ့ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page