K pop

■ Japan’s Line Music မှာ စံချိန်တင်ခဲ့တဲ့ TXT

— TXT အဖွဲ့ရဲ့ နောက်ဆုံးထွက် Music အသစ်မှာ နိုင်ငံတကာ Music Chart မှာ သမိုင်းသစ်တွေ ရေးထိုးခဲ့…

ဇန်နဝါရီလ 4 ရက်နေ့က TXT အဖွဲ့ရဲ့ Album အသစ်ဖြစ်တဲ့ “The Chaos Chapter: FREEZE” နဲ့ Title Track “0X1=LOVESONG (I Know I Love You)” တို့ဟာ UK ရဲ့ Official Music Chart တွေများစွာမှာ ပါဝင်နိုင်ခဲ့ပါတယ်။

Album ဖြစ်တဲ့ “The Chaos Chapter: FREEZE” ဟာ Official Album Downloads Chart မှာ #19 နဲ့ Debut လုပ်နိုင်ခဲ့သလို Title Track “0X1=LOVESONG (I Know I Love You)” ဟာလည်း Official Singles Download Chart နဲ့ Official Singles Sales Chart တို့မှာ #80 ၊ #84 မှာရပ်တည် ခဲ့ပါတယ်။

နောက်ပြီး TXT အဖွဲ့ဟာ ဂျပန်နိုင်ငံရဲ့ Line Music’s Realtime Chart မှာ စံချိန်မိုင်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ “0X1=LOVESONG (I Know I Love You)” သီချင်းဟာ Line Music’s Realtime Chart မှာ (၄)ရက်ဆက်တိုက် #1 မှာရပ်တည်နိုင်ခဲ့တာပါ။ ဒါကြောင့် Line Music’s Realtime Chart မှာ ကိုရီးယားသီချင်းတစ်ပုဒ်အနေနဲ့ နာရီ (၁၀၀)ကျော် #1 ရပ်တည်နိုင်တဲ့ ပထမဆုံး K-pop Boy Group အဖြစ်လည်း TXT ဖြစ်လာခဲ့ပါတယ်။

အရင်က အဆိုပါ Line Music’s Realtime Chart မှာ ကိုရီးယားသီချင်းတစ်ပုဒ်အနေနဲ့ နာရီ 100 ကျော် #1 ရပ်တည်နိုင်ထားတဲ့ ပထမဆုံး Group မှာ TWICE အဖွဲ့သာဖြစ်ပါတယ်။

-m2t
Ref: Soompi

 

You cannot copy content of this page