K pop

■ Girls’ Generation အဖွဲ့ဝင် Yuri ဟာ Debut လုပ်ဖို့ သူမကို အားမပေးခဲ့ဘူးလို့ TRI.BE အဖွဲ့ဝင် Song Sun ဖွင့်ဟ

—- Rookie Group အသစ် TRI.BE အဖွဲ့ဝင် Song Sun နဲ့ Girls’ Generation အဖွဲ့ဝင် Yuri တို့ ဟာ တစ်ဝမ်းကွဲ ညီအစ်မတွေဖြစ်ပါတယ်…TR.BE အဖွဲ့ရဲ့ Role Model ကတော့ BLACKPINK အဖွဲ့ ပါတဲ့…

မကြာသေးခင်က TRI.BE အဖွဲ့ဝင် Song Sun က အစ်မဖြစ်သူ Girls’ Generation အဖွဲ့ဝင် Yuri ဟာ သူမကို အစမှာ K-pop Idol အဖြစ် Debut မလုပ်စေချင်ခဲ့ဘူးလို့ EDaily News နဲ့ အင်တာဗျူး မှာ ဖွင့်ဟဝန်ခံခဲ့ပါတယ်။

“ Yuri Unnie ဟာ ကျွန်မကို အစမှာ K-pop Idol အဖြစ် Debut လုပ်ဖို့ ထောက်ခံမှုမပေးခဲ့ပါဘူး။ သူမဟာ K အနုပညာလောကမှာ ဘယ်လောက်ထိပင်ပန်းပြီး ခက်ခက်ခဲခဲလျှောက်လှမ်းရတာဆိုကို နားလည်လို့ ကျွန်မကို မလုပ်စေချင်ခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်မ ဘယ်လောက်ထိကြိုးစား ပြီး ကျွန်မရဲ့ ရည်မှန်းချက်ကြီးမားမှုကို တွေ့မြင်ပြီးတဲ့နောက်မှာ ကျွန်မကို အားပေးမှုတွေနဲ့ အပြည့်အ ဝထောက်ခံလာခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွန်မ TRI.BE အဖွဲ့ဝင်အဖြစ် Debut လုပ်လာနိုင်ခဲ့တာ ပါ။ အစ်မဖြစ်သူ Yuri ဟာ ကျွန်မရဲ့ စိတ်ခွန်အားတစ်ဦးလည်းဖြစ်ပြီး သူ့ဆီကနေ အများကြီး သင်ယူ နိုင်ခဲ့ပါတယ်” လို့ Song Sun က ပြောခဲ့ပါတယ်။

နောက်ပြီး TRI.BE အဖွဲ့ဟာ သူတို့ရဲ့ Role Model Group ကတော့ BLACKPINK အဖွဲ့ဖြစ်တယ်လို့ ပြောခဲ့ကြပါတယ်။ TRI.BE အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Mirae က “ ကျွန်မတို့ဟာ ပရိသတ်တွေအတွက် အကောင်းဆုံးဖျော်ဖြေမှုလုပ်ချင်ပါတယ်။ ဒါကြောင့် အရမ်းကို ဖျော်ဖြေမှုမှာ Charismatic ဖြစ်လွန်းတဲ့ BLACKPINK အဖွဲ့ရဲ့ ဖျော်ဖြေမှုတွေကိုကြည့်ပြီး သူတို့လို ဖျော်ဖြေချင်တာဖြစ်ပါတယ်။ BLACKPINK အဖွဲ့ဟာ ကျွန်မတို့အတွက် Role Model တွေဖြစ်ပါတယ်” လို့ ဖွင့်ဟခဲ့ပါတယ်။

TRI.BE အဖွဲ့ဟာ ပြီးခဲ့တဲ့လက Digital Single ‘Conmigo’ ၊ Title Track “RUB-A-DUM.” နဲ့ Debut လုပ်ခဲ့တာဖြစ်ပါတယ်။ Debut မလုပ်ခင်ကတည်း TRI.BE အဖွဲ့ကို Shinsadong Tiger နဲ့ EXID’s LE တို့က Produce လုပ်တာမို့လို့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page