K pop

■ “Butter” သီချင်းကို Recording သွင်းရာမှာ BTS အတွက် အခက်ခဲဆုံးအပိုင်းက ဘာလဲ

—- ကောင်လေး (၇)ဦးဟာ တကယ်ကို ခက်ခက်ခဲခဲကြိုးစားခဲ့လို့ အခုလို Butter က အောင်မြင်မှု တွေရရှိနေ…

BTS အဖွဲ့ဟာ E NOW‘s Sakshma Srivastav နဲ့ အင်တာဗျူးမှာ “Butter” သီချင်းကို Recording သွင်းရာမှာ သူတို့အတွက် အခက်ခဲဆုံးအပိုင်းက ဘာဖြစ်ခဲ့သလဲဆိုတာကို ပြောပြခဲ့ပါတယ်။

RM ဟာ သူတို့ဟာ Butter သီချင်းနဲ့ပတ်သက်ပြီး နွေရာသီ Vibe နဲ့ ပျော်ရွှင်စရာကောင်းတဲ့ သီချင်း တစ်ပုဒ်ဖြစ်အောင် ကြိုးစားခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ RM က “ ကျွန်တော်တို့ဟာ Butter သီချင်းကို Recording ပြုလုပ်ရာမှာ တော်တော်လေးကြိုးစားခဲ့ကြပါတယ်။ အထူးသဖြင့် အဖွဲ့ဝင်တွေအများ အပြားဟာ English Lyrics တွေ ပီပီသသနဲ့ ထွက်နိုင်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရပါတယ်” လို့ ပြောခဲ့ ပါတယ်။

RM ရဲ့ ပြောဆိုချက်ကို အငယ်ဆုံးလေး Jungkook ကလည်း “ ဟုတ်တယ်…ဟုတ်တယ်” လို့ ထောက်ခံပြောဆိုခဲ့သလို Suga ကလည်း သီချင်း Rap စာသားတွေကို အင်္ဂလိပ်လိုရေးရတာ တွေကလည်း တော်တော်လေး ခက်ခဲခဲ့တယ်လို့ ဖွင့်ဟခဲ့ပါသေးတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page