K pop

■ ဘယ်တော့မှ အပျိုကြီးမလုပ်ဖူးဆိုတဲ့ Krystal

— Krystal တစ်ယောက် အပျိုကြီးဖြစ်မှာကို စိတ်မပူကြပါနဲ့…

f(x) အဖွဲ့ဝင် မင်းသမီးချော Krystal က သူမမှာ လက်ထပ်ပြီး မိသားစုတည်ထောင်ချင်တဲ့ အတွေး အမြဲတမ်းရှိပါတယ်လို့ ဝန်ခံခဲ့ပါတယ်။

Krystal ဟာ မီဒီယာတစ်ခုဖြစ်တဲ့ Sports Kyunghyang နဲ့အင်တာဗျူးပြုလုပ်ခဲ့ပြီး အဲဒီမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ အင်တာဗျူးအတွင်းမှာ သူမရဲ့ ‘More than Family’ ရုပ်ရှင် ကိုယ်ဝန်သည် ကောလိပ် ကျောင်းသူ ကာရိုက်တာနဲ့ပတ်သက်ပြီး အင်တာဗျူးသူက “ မင်းမှာ လက်ထပ်ဖို့ အတွေးရှိလား” လို့ မေးမြန်းခဲ့တာပါ။

Krystal က “ ရက်စ်…ရှိတာပေါ့။ ကျွန်မငယ်ငယ်လေးကတည်းက လက်ထပ်ဖို့ စိတ်ကူးရှိခဲ့ပါတယ်။ ငယ်ငယ်တုန်းက ကျွန်မရဲ့ အိမ်ထောင်သည်ဘဝဟာ ဘယ်လိုပုံစံမျိုးလဲ၊ လက်ထပ်ပွဲအခမ်းအနားဟာ ဘယ်လိုပုံစံမျိုးလဲဆိုတာကို စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။

အခုချိန်အထိတော့ ကျွန်မရဲ့ အသက်ဟာ ငယ်ပါသေးတယ်။ အိမ်ထောင်သည်ဘ၀ အသေးစိတ်ကို တော့ မစဉ်းစားဖူးပါဘူး။ ဒါပေမဲ့ သေချာတာကတော့ လူတိုင်းမှာ လက်ထပ်မှုနဲ့ပတ်သက်ပြီး သူတို့ရဲ့ နှလုံးသားမှာ အနည်းနဲ့အများ သိချင်စိတ်လေးတော့ ရှိကြမယ်လို့ ယုံကြည်ပါတယ်” လို့ပြောခဲ့ပါတယ်။

နောက်ပြီးတော့ Krystal က သူ့ကို ဆွဲဆောင်နိုင်တဲ့ ယောကျာ်းလေးပုံစံမျိုးကိုလည်း ပြောပြခဲ့ပါတယ်။

“ ကျွန်မလိုချင်တဲ့ Ideal Type ကို တစ်ခုတည်းဖြစ်တဲ့ ဒီလိုလူမျိုးနဲ့ ဒိတ်ချင်ပါတယ်။ ကျွန်မရဲ့ စကား အများကြီးပြောတတ်တဲ့ပုံစံကို နားလည်ပေးနိုင်တဲ့သူမျိုးပါ။ Show တွေနဲ့ TV မှာ ကျွန်မရဲ့ စကားအ များကြီးပြောတတ်တဲ့အကျင့်ကို ပြသလေ့မရှိပါဘူး။

တကယ်တော့ ကျွန်မဟာ နောက်ပြောင်တတ်ပြီး စကားတွေပြောတတ်တဲ့သူမျိုးဖြစ်ပါတယ်။ ကျွန်မ စကားပြောရတာကို နှစ်သက်ပြီး ကျွန်မလိုမျိုးပဲ စကားတတ်ကာ ဟာသလည်း ပြောတတ်တဲ့သူမျိုးကို နှစ်သက်ပါတယ်”

-Krystal

-m2t
Ref: SBSstar

You cannot copy content of this page