K pop

■ ပရိသတ်တွေက Solo ပွဲထွက်ဖို့ မြင်စေချင်ကြတဲ့ နာမည်ကျော် အမျိုးသမီး K-pop Idol များ

– – – ဒီအမျိုးသမီး Idol တွေ Solo ပွဲထွက်တာကို K-pop ပရိသတ်တွေက မျှော်လင့်တကြီး စောင့်စားနေကြတာ ဖြစ်ပါတယ်။

အချိန်အတိုင်းအတာတစ်ခုကြာသွားတာနဲ့အမျှ အောင်မြင်ကျော်ကြားတဲ့ K-pop အဖွဲ့ဝင်တွေရဲ့ Solo ကို ခံစားချင်တဲ့ အာသီသတွေ ပရိသတ်တွေမှာ ရှိကြပါတယ်။

အခုလက်ရှိအချိန်မှာတော့ Solo အဖြစ် ပွဲထွက်ဖို့ အချိန်တန်ပြီဖြစ်တဲ့ နာမည်ကျော် အဖွဲ့တွေထဲက အဖွဲ့ဝင်တွေ များစွာကျန်ရှိနေတာ တွေ့ရမှာပါ။ အဲဒီအထဲကမှ ပရိသတ်တွေက Solo အဖြစ်ပွဲထွက်တာ အမြင်ချင်ဆုံး နာမည်ကျော်အမျိုးသမီး K-pop Idol တွေကို ဖော်ပြပေးလိုက်ရပါတယ်။

TWICE’s Jihyo

TWICE အဖွဲ့ဝင် Jihyo ကို Solo အဖြစ် မြင်ရဖို့ ပရိသတ်အများအပြားဆန္ဒရှိနေကြတာပါ။ Jihyo ရဲ့အသံပါဝါက ကောင်းမွန်လွန်းတဲ့အပြင် Visual ကြောင့်ပါ ပရိသတ်တွေက Jihyo ကို Solo အဖြစ်တွေ့မြင်ချင်နေကြပါတယ်။

ITZY’s Ryujin and Yeji

ITZY အဖွဲ့ထဲမှာတော့ Ryujin နဲ့ Yeji ကို ပရိသတ်တွေက Solo အဖြစ် အမြင်ချင်ဆုံး ဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်ဟာ အသံကာလာက ကောင်းမွန်လွန်းတဲ့အပြင် ဘက်စုံထူးချွန်သူတွေဖြစ်ကြပါတယ်။

aespa’s NingNing

aespa အဖွဲ့ဝင်တွေအားလုံးဟာ အသံပါဝါကောင်းကြပြီး အရည်အချင်းကိုယ်စီ ရှိကြတာ တွေ့ရမှာပါ။ ဒါကြောင့် သူတို့တစ်ဖွဲ့လုံးကို ပရိသတ်တွေက Solo အဖြစ်မြင်တွေ့ချင်နေကြပြီး အဲဒီအထဲမှာမှ NingNing က Solo ပွဲထွက်ဖို့ တောင်းဆိုခံရမှုအမြင့်ဆုံး ဖြစ်ပါတယ်။

Red Velvet’s

 

Seulgi ကတော့ Red Velvet အဖွဲ့ထဲမှာ Solo ပွဲမထွက်ရသေးဘဲ ကျန်ရှိနေတဲ့ တစ်ဦးတည်းသော အဖွဲ့ဝင် ဖြစ်ပါတယ်။ဒါကြောင့် Seulgi ကို ပရိသတ်တွေက Solo ပွဲထွက်တာမြင်စေချင်ကြတာ မဆန်းပါဘူး။

Girls’ Generation’s Sunny

ှSNSD အဖွဲ့ဝင်တွေတော်တော်များများဟာ အဆိုပိုင်း၊ သရုပ်ဆောင်ပိုင်း၊ ဖက်ရှင်ပိုင်း အစရှိနယ်ပယ်မျိုးစုံမှာ Solo အဖြစ် သူတို့ရဲ့အစွမ်းအစတွေကို ထုတ်ပြထားကြပါတယ်။ ဒါပေမဲ့ Sunny ကတော့ Solo ပွဲထွက်တာ မရှိသေးလို့ ပရိသတ်တွေက သူမရဲ့ Solo ကိုလည်း မျှော်လင့်တကြီးစောင့်မျှော်နေကြပါတယ်။

CLC’s Yeeun

ချစ်စရာကောင်းတဲ့ပုံစံနဲ့ ဖမ်းစားတတ်တဲ့ Yeeun ရဲ့ Solo ကိုလည်း ပရိသတ်တွေက တွေ့မြင်ချင်နေကြပါတယ်။

Purple Kiss’s Chaein and Swan

Purple Kiss အဖွဲ့ထဲမှာ Chaein က သီချင်းများစွာ ရေးစပ်ထားနိုင်ခဲ့ပြီးဖြစ်ပြီး အဲဒီလိုအရည်အချင်းကို ပရိသတ်တွေက သဘောကျနေကြတာပါ။ ဒါကြောင့် Chaein ရဲ့Solo ကို ပရိသတ်တွေကမြင်တွေ့လိုနေကြတာပါ။

Chaein ပြီးရင် Swan ရဲ့ Solo ကိုလည်း ပရိသတ်တွေက တွေ့မြင်လိုနေကြတာ ဖြစ်ပါတယ်။

GFRIEND အဖွဲ့ဝင်ဟောင်း Yuju

အဖွဲ့ရဲ့ Main Vocalist အနေနဲ့ ပရိသတ်တွေက Yuju ရဲ့ အသံပါဝါကို သဘောကျနေကြတာပါ။ ဒါကြောင့်လည်း Yuju ကို Solo အဖြစ် မြင်တွေ့ရဖို့ ဆန္ဒရှိနေတာပါ။

You cannot copy content of this page