K pop

■ TWICE အဖွဲ့ဝင်တွေ ရွေးချယ်တဲ့ သူတို့အကြိုက်ဆုံး TWICE သီချင်းများ

— – – TWICE အဖွဲ့ဝင်တွေရဲ့ရင်ထဲမှာ ဒီသီချင်းတွေက နေရာယူထားပါတယ်။ ခင်ဗျားသာ ONCE တစ်ယောက်ဆိုရင် ဘယ်သူနဲ့အကြိုက်ချင်းတူသလဲဆိုတာ ရှာကြည့်လိုက်ပါ။

တလောက ထုတ်လွှင့်ခဲ့တဲ့ V Live တစ်ခုမှာတော့ TWICE အဖွဲ့ဝင် (၄) ယောက်ဟာ သူတို့ရဲ့အကြိုက်ဆုံး TWICE သီချင်းတွေကို ရွေးချယ်ခဲ့ကြပါတယ်။ ဒီသီချင်းတွေဟာသူတို့ရဲ့ရင်ထဲမှာ အနှစ်သက်ဆုံးသီချင်းတွေဖြစ်ပြီး သူတို့ရဲ့ရွေးချယ်မှုကို Once တွေက အံံ့သြခဲ့ရပါတယ်။

Dahyun – “The Best Thing I Ever Did”

Dahyun ကတော့ Twice ရဲ့ ၂၀၁၈ ခရစ္စမတ် Single သီချင်းဖြစ်တဲ့ “The Best Thing I Ever Did” ကို ရွေးချယ်ခဲ့ပါတယ်။ ဒီသီချင်းဟာ သံစဉ်ငြိမ့်ငြိမ့်လေးနဲ့ အလွန်နားထောင်လို့ကောင်းတဲ့သီချင်းဖြစ်ပြီး သူတို့အဖွဲ့နဲ့ ONCE တွေကြားက ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့ သီချင်းဖြစ်ပါတယ်။ အဲဒီသီချင်းကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ (၁၂) မှာ ထုတ်ဝေခဲ့တာပါ။

Momo – Do It Again

Momo ကတော့ SIXTEEN Final က နာမည်ကြီးသီချင်း “Do It Again” ကိုရွေးချယ်ခဲ့ပါတယ်။ ဒီသီချင်းက အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့သီချင်းဖြစ်ပြီး သူတို့အဖွဲ့နဲ့ အလွန်ကိုက်ညီတယ်လို့ Momo က သတ်မှတ်ထားပါတယ်။ “Do It Again” ဟာ မြူးကြွတဲ့သီချင်းဖြစ်ပြီး နားထောင်လိုက်တာနဲ့ လန်းဆန်းစေမယ့် သီချင်းမျိုးဖြစ်ပါတယ်။ ဒီသီချင်းဟာ Twice ရဲ့ပွဲဦးထွက် Mini Album မှာ ပါဝင်တဲ့သီချင်းလည်းဖြစ်ပါတယ်။

Tzuyu – Like OOH-AHH

Tzuyu ကတော့ TWICE ရဲ့ပွဲဦးထွက်သီချင်းဖြစ်တဲ့ Like OOH-AHH ကိုပဲရွေးချယ်ခဲ့ပါတယ်။ ဒီသီချင်းဟာ စွမ်းအင်ပြည့်ဝပြီး တက်ကြွစေတဲ့သီချင်းတစ်ပုဒ်လည်းဖြစ်သလို TWICE ကို K လောကနဲ့ မိတ်ဆက်ခဲ့တဲ့သီချင်းတစ်ပုဒ်လည်းဖြစ်လို့ အဖိုးတန်သီချင်းလို့ ဆိုနိုင်ပါတယ်။

Sana – AFTER MOON

Sana ရဲ့အကြိုက်ဆုံးသီချင်းက Yes or Yes Album ထဲမှာပါဝင်တဲ့ AFTER MOON ဖြစ်ပါတယ်။ Twice အဖွဲ့ဟာ အေးအေးလေး အများကြီး မရှိပါဘူး။ AFTER MOON သီချင်းကတော့အချစ်သီချင်းအေးအေးလေးဖြစ်ပြီး ချစ်သူနှစ်ယောက်အကြောင်းကို ဖွဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။

– ဃဲ
Ref: Koreaboo

You cannot copy content of this page