K pop

■ လက်ထပ်ခွင့်တောင်းခဲ့တဲ့ ARMY ကောင်မလေးကို Jungkook ဘာပြန်ပြောခဲ့လဲ

– – – VLive မှာ သူ့ကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ARMY မလေးကို Jungkook တုံ့ပြန်ခဲ့ပုံက လက်တွေ့ကျလွန်းပါတယ်။

Jungkook ကို ဘယ်သူ လက်ထပ်ချင်သလဲ? ဒီထက်မေးခွန်းထက် Jungkook ကို လက်မထပ်ချင်တဲ့သူ ဘယ်သူရှိလဲ? လို့ မေးတာ ပိုကောင်းမယ်ထင်တယ်။

BTS အဖွဲွ့ရဲ့ Golden Maknae လေးက ချစ်စရာကောင်းတယ်၊ ပျော်တတ်တယ်၊ ပါရမီပြည့်ဝတယ်၊ ရုပ်ချောတယ်၊ ချမ်းသာပေမယ့် နိမ့်ချတတ်သူ ဖြစ်တယ် (အချစ်မှာ ငွေကြေးကို တံဆိပ်မကပ်သင့်ဘူးဆိုပေမယ့် Jungkook လို ဘောစီချောချောလေးကို ပိုင်ဆိုင်ရမယ်ဆိုရင် ဘယ်ပြောကောင်းမလဲ)

Jungkook ဟာ တလောက VLive လွှင့်ခဲ့ပြီး အမျိုးသမီး ARMYs တွေက သူ့ရဲ့ အာရုံစိုက်မှုကို ရရှိဖို့အတွက် လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အဲဒီ ARMY မလေးရဲ့ တောင်းဆိုမှုဟာ Jungkook ရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပြီး အလုပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ARMY မလေးရဲ့လက်ထပ်ခွင့်တောင်းဆိုမှုကို Jungkook က စာချုပ်ယူလာခဲ့၊ ပြီးရင် မိဘတွေချင်းတွေ့ရမယ်ဆိုပြီး လက်တွေ့ကျကျပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ကျွန်မကို လက်ထပ်ပါတဲ့လား။ ကောင်းပြီလေ။ မင်း ငါ့တို့ လက်ထပ်မယ်ဆိုရင် ငါတို့ လက်ထပ်စာချုပ်လိုမယ်။ ပြီးတော့ ငါတို့မိဘတွေအချင်းချင်းတွေ့ဖို့ လိုတယ်။ ကဲ … မိသားစုအချင်းချင်းဆုံကြရအောင်ပါ”- Jungkook

ဆိုပြီး ARMY မလေးတစ်ယောက်ရဲ့ လက်ထပ်ဖို့တောင်းဆိုမှုကို Jungkook က ပြန်ဖြေခဲ့တာ ဖြစ်ပါတယ်။

— ဃဲ
Ref: Koreaboo

You cannot copy content of this page