K pop

■ Sehun ကို ချစ်လွန်းလို့ မျက်နှာပူခဲ့ရတဲ့ ကောင်မလေး

– – – သူမရဲ့ ပုံပြင်ကို Sehun သာ ကြားခဲ့မယ်ဆိုရင် ဘယ်လိုတုံ့ပြန်မလဲ စိတ်ဝင်စရားပါ …

ဒီခေတ်က IT ခေတ်ဆိုတော့ ဖုန်းလေးတွေ မရှိမဖြစ်ပေါ့။ ပိုကောင်းတာက အဲဒီဖုန်းတွေကို ကိုယ်ပေးချင်တဲ့ နာမည်ပေးလို့ ရတာပဲ မဟုတ်လား။ ဒါပေမဲ့ ကိုယ့်ပေးချင်တဲ့ နာမည်ပေးလို့ ရတယ်ဆိုပေမယ့် ဖုန်းဆိုတဲ့ အရာမျိုးက ပျက်တတ်တာကိုလည်း သတိရပါဗျာ။

အခုတော့ EXOL ချီမ တစ်ယောက် ဘယ်သူမှ မသိလောက်ပါဘူးလေလို့ ပေးထားတဲ့ နာမည်လေးကို အရှက်ရစရာ ဖြစ်ခဲ့တာပါ။ Iphone ကိုင်တဲ့ EXOL ကောင်မလေးတစ်ယောက်ဟာ တစ်နေ့မှာ ဖုန်းပြဿနာတက်လို့ Service ကို သွားပြရပါသတဲ့။ အဲဒါက သူ့ကို အရှက်ကွဲစေမယ့် အကြောင်းရင်းဆိုတာက ချီမကတော့ သိခဲ့ပုံ မပေါ်ပါဘူး။

တစ်နေ့မှာ Service က အဲဒီ ချီမဆီက ဖုန်းဆက်လာပါတယ်။ “Apple မှာ ခင်ဗျား ဖွင့်ထားတဲ့ ID က Sehun’s butt (မြန်မာယဉ်ယဉ်ကျေးကျေးလေးပါ ဘာသာပြန်မယ်ဆိုရင်တော့ Sehun ရဲ့ အကိတ်လေးလို့ပဲ ထားလိုက်ပါတော့) မဟုတ်လား”ဆိုပြီး မေးမြန်းခဲ့ပါသတဲ့။

အဲဒီမှာ Sehun ကို ချစ်လွန်းလို့ အကိတ်လေးလို့ ပေးထားတဲ့ ချီမတစ်ယောက် ချွေးပြန်တော့တာပါပဲ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ရှက်ရှက်နဲ့ပဲ “ဟုတ်ပါတယ်။ Sehun’s butt ပါ”လို့ ဝန်ခံလိုက်ရပါသတဲ့။

အခုတော့ အဲဒီချီမရဲ့ အိုဆယ်ကိတ်ဇာတ်လမ်းဟာ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေပြီး ပရိသတ်တွေကတော့ တဟားဟားနဲ့ သဘောကျနေကြတယ်လို့ ဆိုလေရဲ့။ ကြံကြံဖန်ဖန် သူမို့လို့ စဉ်းစားတတ်တယ်လို့ ပြောရမယ် ချီမရေ…

– ဃဲ
Ref: Koreaboo & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page