K pop

■ Kai ကို ပရိသတ်တွေ ချစ်ကြတာ ဒါကြောင့်ပါတဲ့

– – – ရိုးရိုးရှင်းရှင်းလေးပြောရမယ်ဆိုရင် သူက angel-like person ပါပဲ။

EXO အဖွဲ့ဝင် Kai ရဲ့ Let’s go to Mansooro ကို ကြည့်ပြီးပြီလား။ sports variety show တစ်ခုဖြစ်တဲ့ အဲဒီ show မှာ Kai က global director နေရာက ပါဝင်ခဲ့တာပါ။ အဲဒီ show ကို ဗြိတိန်မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး လန်ဒန်မြို့မှာ ရိုက်ကူးနေတုန်းမှာ ကောင်မလေးတစ်ယောက်က Kai နဲ့ တွေ့ဆုံခွင့်ရခဲ့တာ ဖြစ်ပါတယ်။

လူနေမှုဘဝမှာ Kai ဟာ ဘယ်လောက်နွေးထွေးပြီး ဘယ်လောက်ချစ်စရာကောင်းတယ်ဆိုတာကို အဲဒီကောင်မလေးက သူမရဲ့ Instagram သူမနဲ့ Kai တွဲရိုက်ထားတဲ့ပုံနဲ့အတူ စာရှည်ရှည်ရေးပြီး တင်ခဲ့တာဖြစ်ပါတယ်။ အဲဒီကောင်မလေး Instagram မှာ ရေးတင်ထားတဲ့ စာကို ဖော်ပြလိုက်ပါတယ်။

“EXO အဖွဲ့ဝင် Kai နဲ့ မမှတ်မထင်တွေ့ဆုံခွင့်ရခဲ့တာကို နောက်ဆုံးမှာတော့ ကျွန်မ Instagram မှာ တင်ခွင့်ရခဲ့ပါပြီ။ Kai တို့ ဒီနေရာကို လာမယ်ကြားလို့ ကျွန်မ နာရီအနည်းငယ်လောက်စောင့်နေခဲ့ပါတယ်။

(၃) နာရီလောက်ဆိုတော့ ကြာတယ်လို့မပြောနိုင်သလို၊ အချိန်တိုလေးလို့လည်း ပြောလို့တော့ မရပါဘူး။ ဒါပေမဲ့ တန်ပါတယ်။ ဘာလို့လဲဆိုတော့ Kai ဘာကြောင့် နာမည်ကျော်တယ်။ သူက ဘယ်လောက်ထိ ကောင်းတဲ့ လူတစ်ယောက်လဲဆိုတာ ကျွန်မ သိခွင့်ရခဲ့လို့ပါပဲ။

ရိုးရိုးရှင်းရှင်းလေးပြောရမယ်ဆိုရင် သူက angel-like person (နတ်သားလေးလို လူမျိုး) ပါပဲ။ သူက ကျွန်မကို စကားတွေပြောသလို၊ အတူဓာတ်ပုံရိုက်ချင်တယ်ဆိုတော့လည်း တုံ့ဆိုင်းမရှိဘဲ ရိုက်ပေးခဲ့ပါတယ်။ ပြီးတော့ သူရဲ့ အပြုအမူအသေးလေးတွေအစ အားလုံးက ချစ်စရာအလွန်ကောင်းပါတယ်”

— ဃဲ
Ref: KStarLive

You cannot copy content of this page