K pop

■ 96 Class က Visual ဖြစ်လွန်းတဲ့ အမျိုးသမီး Idols များ

— – – သူတို့က တကယ်ကို Gorgeous ဖြစ်လွန်းပါတယ် …

အခုဖော်ပြမယ့် အမျိုးသမီး Idols တွေက တူညီနှစ်ခုရှိပါတယ်။ အဲဒါကတော့ ၁၉၉၆ ခုနှစ်မှာ မွေးဖွားတာနဲ့ Visuals ဖြစ်လွန်းတာပါပဲ။ သူတို့ဟာ ချောမောပြေပြစ်တဲ့ ရုပ်ရည်နဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်သလို၊ တမူထူးခြားတဲ့ လှပမှုတွေအပြင် ပရိသတ်အားပေးမှုအများအပြား ရရှိထားပါ။

■ Chungha


တစ်ကိုယ်တော် အဆိုတော် Chungha ဟာ Produce 101 ရဲ့ I.O.I အဖွဲ့ဝင်အဖြစ် ပွဲထွက်ခဲ့သူဖြစ်ပါတယ်။ သူမရဲ့ အပြစ်ကင်းတဲ့အလှ၊ သီချင်းဆိုစွမ်းရည်၊ အကစွမ်းရည်တွေနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်ထားနိုင်သူဖြစ်ပါတယ်။ အခုနောက်ဆုံးထုတ်ထားတဲ့ သီချင်း Snapping အတွက် ဆံပင်ကို ရွှေရောင်ဆိုးခဲ့ရာမှာတော့ ပရိသတ်တွေက Chungha ကို ပိုကြွေခဲ့ကြပါတယ်။

 

■ TWICE အဖွဲ့ဝင် Jeongyeon


K-pop Industry မှာ ဆံပင်တိုလေးနဲ့ ကျော်ကြားသူက TWICE အဖွဲ့ဝင် Jeongyeon ဖြစ်ပြီး အမျိုးသမီးပရိသတ်တွေရဲ့ နှလုံးသားကို ဆွဲဆောင်နိုင်သူလည်း ဖြစ်ပါတယ်။ ဒီနှစ်အတွင်း ထုတ်ဝေတဲ့ Fancy သီချင်းမှာတော့ Jeongyeon ဟာ ဆံပင်ရှည်တွေနဲ့ အမျိုးသားတွေရဲ့ နှလုံးသားကိုပါ ဖမ်းစားနိုင်ခဲ့ပြန်ပါတယ်။ ဆံပင်ရှည်နဲ့ Jeongyeon ဟာ အမျိုးသမီး ပိုဆန်သွားတာကြောင့်လည်း ဖြစ်ပါတယ်။ ဆံပင်အတိုနဲ့ပဲဖြစ်ဖြစ် အရှည်နဲ့ပဲဖြစ်ဖြစ် Jeongyeon ချစ်စရာကောင်းနေတာကို ငြင်းမရပါဘူး။

 

■ Red Velvet အဖွဲ့ဝင် Joy


၁၉၉၆ ခုနှစ်၊ စက်တင်ဘာလမှာ မွေးဖွားတဲ့ Red Velvet အဖွဲ့ဝင် Joy ရဲ့ နာမည်ပြောင်က Human Apple ဖြစ်ပါတယ်။ ဘာလို့ ဒီနာမည်ပြောင်ကို ပေးထားတာလဲဆိုတော့ Joy ရဲ့အလှဟာ လူတွေကိုလန်းဆန်းစေပြီး အနီရောင် အဝတ်အစားတွေနဲ့ အရမ်းလိုက်ဖက်တာကြောင့် ဖြစ်ပါတယ်။ Joy ဟာ အမျိုးသားပရိသတ်တွေကို သူမရဲ့ ချစ်စရာကောင်းတဲ့ Personality၊ လန်းဆန်းတဲ့ အပြုံးတွေရဲ့ ဆွဲဆောင်နိုင်သလို၊ ဖြူနုတဲ့အသားအရေနဲ့ နှုတ်ခမ်းနီနီလေးက ဆွဲဆောင်မှုအပြည့်ရှိတယ်လို့ ဆိုပါတယ်။

 

■ TWICE အဖွဲ့ဝင် Sana


Sana က ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာ (၂၉) မှာ မွေးဖွားသူဖြစ်ပြီး အချိုးကျပြေပြစ်တဲ့ Body Structure နဲ့ အရုပ်မလေးလို လှပသူ ဖြစ်ပါတယ်။ သူမရဲ့အလှ၊ အပြစ်ကင်းမှုနဲ့ ချစ်စရာကောင်းတဲ့ ဆွဲဆောင်မှုတွေက အမျိုးသားတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ပါတယ်။ ပရိသတ်အများစုကတော့ Sana ကို သရုပ်ပြကာတွန်းစာအုပ်တွေက အရမ်းလှတဲ့ ကာတွန်းမလေး ဖြစ်လို့ ဆိုကြပြီး ဒါက Sana နဲ့ တကယ်လိုက်ဖက်တဲ့ ချီးကျူးမှုဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။

 

■ BLACKPINK အဖွဲ့ဝင် Jennie


၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလမှာ မွေးဖွားခဲ့တဲ့ BLACKPINK အဖွဲ့ဝင် Jennie ဟာ စတိတ်စင်ပေါ်မှာ ဆွဲဆောင်မှုအပြည့်ရှိတဲ့ Charisma ကြောင့် ကျော်ကြားသူလည်း ဖြစ်ပါတယ်။ Jennie ဟာ ညှို့အားပြင်းပြီး စတိုင်ကျလှပသူအဖြစ် ပရိသတ်တွေကြားမှာ ကျော်ကြားသူဖြစ်ပြီး အနေအေးပေမယ့် အလွန်ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက် ဖြစ်ပါတယ်။ တစ်ခါတလေ စင်ပေါ်မှာ အမှားလုပ်တဲ့ အခါမျိုးမှာတောင် Jennie ကို ဘယ်သူမှ အပြစ်မမြင်တဲ့အပြင် အလွန်ချစ်စရာကောင်းတယ်လို့တောင် မှတ်ချက်ပြုထားကြပါတယ်။

— ဃဲ
Ref: Koreaboo

You cannot copy content of this page