K pop

■ ကင်မရာရှေ့မှာ ထုတ်မပြရဲအောင် Jimin ရှက်ခဲ့ရတဲ့ J-Hope ရဲ့ လက်ဆောင်

— — J-Hope ရဲ့လက်ဆောင်က Jimin ကို ရှက်သွေးဖြာစေပြီး အဲဒီလက်ဆောင်ကို ကင်မရာရှေ့တောင် ထုတ်မပြရဲ …

BTS အဖွဲ့ဝင်တွေ အချင်းချင်း စနောက်လေ့ရှိသူတွေဖြစ်ပြီး J-Hope ရဲ့ စပရိုက် Gift ကတော့ Jimin ကို ရယ်ရုံသာ တတ်နိုင်စေပြီး ကင်မရာရှေ့မှာ ထုတ်မပြရဲလောက်အောင် ဖြစ်စေခဲ့တာပါ။

BTS အဖွဲ့ဝင်တွေဟာ V Live မှာ Secret Santa activity ကိုပြုလုပ်ခဲ့ပြီး တစ်ယောက်ကို တစ်ယောက် ဝမ် (၁၀၀၀၀) ထက်လျော့နည်းတဲ့ လက်ဆောင်တွေ ပေးရမယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။

အဲဒီမှာ J-Hope ဆီက လက်ဆောင်ရခဲ့တဲ့ Jimin ဟာ လက်ဆောင်ဘူးကို ဖွင့်ပြီးနောက်မှာ ဘယ်လိုမှ မအောင့်နိုင်ဘဲ ရယ်မောခဲ့တာကြောင့် ဘေးက ကြည့်နေတဲ့ အဖွဲ့ဝင်တွေက ဘယ်လိုလက်ဆောင်မျိုးလဲဆိုတာ အရမ်း သိချင်ခဲ့ကြတာပါ။

အဲဒီနောက်မှာတော့ Jimin က “ဒီလက်ဆောင်ကို ကင်မရာရှေ့ ပြလို့ ဖြစ်ပါမလား”ဆိုပြီး မေးမြန်းခဲ့ရာမှာတော့ အဖွဲ့ဝင်တွေအားလုံးက သူတို့ကို ပြဖို့ တောင်းဆိုခဲ့ကြပါတယ်။

Jimin ဟာ သူ ရတဲ့လက်ဆောင်ဟာ အတွင်းခံ (၃)လုံးဖြစ်ကြောင်း ဖွင့်ဟခဲ့ရာမှာတော့ အဖွဲ့ဝင်တွေအားလုံး ဝါးလုံးကွဲ ရယ်မောခဲ့ကြတာပါ။

အဲဒီနောက်မှာတော့ Jin က Jimin အနေနဲ့ J-Hope ပေးတဲ့ အတွင်းခံတွေကို တကယ်ဝတ်၊ မဝတ် ဓာတ်ပုံရိုက်ပြီး ပြရမယ်လို့ နောက်ပြောင်ခဲ့ရာမှာတော့ Jimin က သူ့ကို စနောက်ပြီး ရိုက်ခဲ့ပါတယ်။

Jimin ကတော့ J-Hope ပေးခဲ့တဲ့ အတွင်းခံတွေထဲက တစ်ခုက Size ကြီးလွန်းတာကြောင့် သူ့အနေနဲ့ T-Shirt လုပ်ပြီး ဝတ်လို့ရတယ်လို့တောင် နောက်ပြောင်ခဲ့တာပါ။

Ref: Koreaboo

You cannot copy content of this page