K pop

■ အဖွဲ့ဝင်တွေ မစုံပေမဲ့ Pre-Orders စံချိန်ချိုးခဲ့တဲ့ EXO ရဲ့ Special Album

— – – ဒီနေ့ မြန်မာစံတော်ချိန် (၃း၃၀) နာရီမှာ ထုတ်ဝေမဲ့ “DON’T FIGHT THE FEELING” ဟာ သူတို့ရဲ့သမိုင်းတစ်လျှောက် …

EXO အဖွဲ့ရဲ့ Special Album ဖြစ်တဲ့ “DON’T FIGHT THE FEELING” ဟာ ဇွန်လ (၆)ရက်မှာ Pre-orders (1,220,181) ရှိခဲ့တယ်လို့ သိရပြီး ဒါဟာ သူတို့အဖွဲ့သမိုင်းတစ်လျှောက် အကောင်းဆုံးစံချိန် ဖြစ်ပါတယ်။

EXO ရဲ့ Special Album မှာ သီချင်းပေါင်း (၅)ပုဒ် ပါဝင်မှာဖြစ်ပြီး ခေါင်းစီးသီချင်း “Don’t fight the feeling,” “Paradise,” “No matter,” “Runaway,” နဲ့ “Just as usual” တို့ ဖြစ်ပါတယ်။

“DON’T FIGHT THE FEELING” က Dance Song ဖြစ်ပြီး လန်းဆန်းစေတဲ့ Rhythm, synth sounds နဲ့ a heavy bass တွေကို ပေါင်းစပ်ထားတဲ့ သီချင်းလို့ ဆိုပါတယ်။

EXO’s new album ဖြစ်တဲ့ “DON’T FIGHT THE FEELING” ကို ဒီနေ့ နေ့လယ် (၃း၃၀)နာရီမှာ ခေါင်းစီးသီချင်း MV နဲ့အတူ ထုတ်ဝေမှာ ဖြစ်ပါတယ်။

Ref: Soompi

You cannot copy content of this page