K pop

■ Seungri ရဲ့ကိုယ်ပေါ်မှာ G-Dragon ခေါင်းကို Edit လုပ် စွပ်ခဲ့တဲ့ Mnet ပြင်းထန်စွာဝေဖန်ခံနေရ

— – – YG နဲ့ ဘယ်လိုပဲ ပြဿနာတွေ ရှိနေပါစေ King of K-Pop ကိုတော့ လေးစားသင့် …

Mnet အစီအစဉ်တစ်ခုဖြစ်တဲ့ TMI News မှာ BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ရဲ့ ခေါင်းကို Seungri ရဲ့ကိုယ်ပေါ်မှာ Edit စွပ်ခဲ့တာကြောင့် Mnet ဟာ ပရိသတ်တွေရဲ့ ပြင်းထန်စွာ ဝေဖန်ရှုတ်ချခြင်း ခံနေရပါတယ်။

ဇွန်လ (၃)ရက်က TMI News မှာ ဈေးအကြီးဆုံးကျောင်းတွေ၊ ကျူရှင်တွေ တက်ရောက်ခဲ့ကြတဲ့ K-Pop Idols တွေကို ဖော်ပြခဲ့ပြီး အဲဒီထဲမှာ G-Dragon လည်း ပါဝင်ခဲ့တာပါ။

TMI ဟာ အဲဒီဗီဒီယိုမှာ G-Dragon ရဲ့ ကြွယ်ဝချမ်းသာမှုကို အကျယ်ချဲ့ပြလိုတာကြောင့် BIGBANG’s music video ဖြစ်တဲ့ Sober က အခန်းတစ်ခန်းကို ဖော်ပြခဲ့ပါတယ်။ တကယ်က Scene မှာ Seungri က ပိုက်ဆံတွေကို လေပေါ် လွှင့်ပစ်နေတဲ့ မြင်ကွင်းဖြစ်ပါတယ်။

အဲဒီမှာ TMI ဟာ Seungri ရဲ့ ခေါင်းကို Edit Out လုပ်ပြီး G-Dragon ရဲ့ ခေါင်းကို စွပ်ခဲ့တာဖြစ်ပါတယ်။ အဲဒါက GD ရဲ့ ချမ်းသာကြွယ်ဝမှုကို အကျယ်ချဲ့ပြလိုတဲ့ ရည်ရွယ်ချက်ဖြစ်ပေမဲ့ ပုံအစစ်တွေ အများကြီး ရှိတယ်လို့ ပရိသတ်တွေက ဆိုနေပြီး ဒီလုပ်ရပ်ဟာ ဘယ်လိုမှ မသင့်တော်ဘူးလို့ ဆိုပါတယ်။

YG Entertainment နဲ့ Mnet တို့ကြား ဘယ်လောက်ဆိုးတဲ့ ဆက်ဆံရေးပဲ ရှိနေပါစေ King of K-Pop ဖြစ်တဲ့ G-Dragon ကို အခုလို လုပ်တာဟာ ဘယ်လိုမှ အပ်စပ်တဲ့ အရာမျိုးမဟုတ်ဘူးလို့ K Netizen တွေက Mnet ကို ပြင်းထန်စွာ ဝေဖန်ခဲ့ကြပါတယ်။

Ref: KSZ

You cannot copy content of this page