K pop

■ BLACKPINK အဖွဲ့ဝင်တွေ ညအချိန်ကို ဘယ်လိုဖြတ်သန်းသလဲ

—- BLINK တွေရဲ့ အသည်းကျော်လေးတွေဖြစ်တဲ့ BLACKPINK အဖွဲ့အနေနဲ့ ညအချိန်ကို ဘယ်လို ဖြတ်သန်းသလဲလို့ ထင်ပါသလဲ…

သူတို့ရဲ့ ညဘက်အကျင့်အချို့လေးတွေကို အငယ်ဆုံးလေး Lisa က ဖော်ကောင်လုပ်ခဲ့ပါတယ်။ BLACKPINK အဖွဲ့ဟာ Jalouse China မဂ္ဂဇင်းရဲ့ Night Theme Cover မှာပါဝင်ခဲ့ပြီး အင်တာဗျူး လည်းပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ ညအချိန်မှာ အဖွဲ့ဝင်တွေအနေနဲ့ ဘယ်လို ဖြတ်သန်းသလဲဆိုတဲ့ မေးခွန်းလည်းပါဝင်ခဲ့ပါတယ်။

ဒီမေးခွန်းကို Lisa က “ ကျွန်မတို့ဟာ မကြာခဏ နောက်ကျမှ အိပ်ယာဝင်လေ့ရှိတာဖြစ်ပါတယ်။ ည အလယ် မုန့်ပဲသရေစာတွေလည်း စားလေ့ရှိပြီး ရုပ်ရှင်လည်း အတူတူကြည့်လေ့ရှိပါတယ်” လို့ဖြေ ကြားခဲ့တာဖြစ်ပါတယ်။

နာမည်ကျော် Cele တွေဟာ သူတို့ရဲ့ ဝသီအတိုင်း အိပ်ယာဝင်နောက်ကျတာဟာ ပရိသတ်တွေအ တွက် အထူးအဆန်းမဟုတ်ပါဘူး။ ဒါပေမဲ့ BLACKPINK အဖွဲ့ဝင်တွေအားလုံးဟာ သူတို့ရဲ့ MV နဲ့ ရုပ်မြင်သံကြားတွေမှာ အကောင်းဆုံးဖက်ရှင်တွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ ညအချိန်အားလပ်ချိန်တွေမှာ ဖက်ရှင်အကြောင်းအရာကိစ္စတွေနဲ့ ကုန်ဆုံးမယ် လို့ ထင်မှတ်ထားကြပေမယ့် သာမန်လူတွေလိုလည်း မုန့်စားပြီး တီဗီကြည့်တယ်ဆိုတော့ ပရိသတ် တွေက အံ့အားသင့်ခဲ့ကြတာဖြစ်ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page