– -Jimin ရဲ့ ချစ်စဖွယ် အမူအရာကို ကမ္ဘာကျော် ဘောလုံးအသင်းဖြစ်တဲ့ စပါးအသင်းကတောင် မျက်ကွယ် မပြုနိုင်ဘဲ…
BTS အဖွဲ့ဝင် Jimin ဟာ ချစ်စဖွယ်အမူအရာတွေနဲ့ ပရိသတ်ကို အမြဲတမ်း ဖမ်းစားလေ့ရှိသူ ဖြစ်ပါတယ်။
အခုအခါမှာလည်း Jimin ရဲ့ ချစ်စဖွယ်အမူအရာနဲ့ တောင်ကိုရီးယားရဲ့ နာမည်ကျော်စူပါစတား ဆွန်ဟောင်မင်တို့ကြားကဖြစ်ရပ်ကလည်း ပရိသတ်တွေအတွက် ကြည်နူးစရာဖြစ်ခဲ့ရတာပါ။
Run BTS ရဲ့ အပိုင်း ၁၄၀ မှာ BTS အဖွဲ့ဝင်တွေဟာ နာမည်ကျော်ကြယ်ပွင့်တွေရဲ့ ပုံကိုကြည့်ပြီး ဘယ်သူလဲဆိုတာ ပြောရတဲ့ဂိမ်းကို ကစားခဲ့ကြပါတယ်။
အဲဒီအခါ Jimin အလှည့်အရောက်မှာတော့ ဖြေဆိုရမဲ့သူက နယ်နယ်ရရသူမဟုတ်ဘဲ ကိုရီးယားရဲ့ စူပါစတား ဆွန်ဟောင်မင် ဖြစ်ပါတယ်။
ဒါပေမဲ့ Jimin ဟာ ဆွန်ဟောင်မင်ကို ချက်ချငသတိမထားမိဘဲ လွဲမှားစွာဖြေခဲ့မိပါတယ်။ Jimin ရဲ့အမှားကို BTS အဖွဲ့ဝင်တွေက အံ့အားသင့်ခဲ့ကြပြီး စနောက်ခဲ့ကြပါတယ်။
နောက်တော့မှ Jimin ဟာ ဆွန်ဟောင်မင်ရဲ့ဂျာစီကိုဝတ်ပြီး ချစ်စဖွယ် အမူအရာနဲ့ တောင်းပန်ခဲ့ပါတယ်။ စပါးဂျာစီဝတ်ထားတဲ့ Jimin ရဲ့ပုံရိပ်ကို စပါးအသင်းက Twitter မှာ ဖော်ပြခဲ့ပါတယ်။
ဒါကြောင့် Jimin နဲ့ ကိုရီးယားစူပါစတားတို့အကြားပုံရိပ်က တကယ့်ကို ကြည်နူးစရာ အခိုက်အတန့်လို့ ဆိုရမှာ ဖြစ်ပါတယ်။
-Ref: Koreaboo